စံအိမ်အပြင်ဘက်တွင် ကောင်လေးတစ်ယောက် လက်လေးနှစ်ဖက်ကိုပွတ်သပ်နေကာ ကိုမောင်ကိုစောင့်မျှော်နေလျက်ရှိသည်။မျှော်နေရင်းခဏအကြာတော့ ကားလေးတစ်စီးခြံထဲသို့ဝင်လာသည်။ကားပေါ်ကနေကိုမောင်ဆင်းလာတော့ရောင်နီကဝမ်းပန်းတသာ နှုတ်ဆက်လိုက်သည်။ ကိုမောင်လဲရောင်နီကိုပြုံးပြလိုက်သည်။ခဏအကြာ၌
"ဒိုင်း....."
ခြံဝန်းအပြင်ဘက်၌ကောင်လေးတစ်ယောက်က သေနတ်ဖြင့်ပစ်လိုက်သည်။တင်မောင်ဝင်းတို့ ထိုလူနောက်လိုက်ရန်ပြင်တော့နောက်တစ်ချက်ပစ်လိုက်တဲ့ကျည်ဆံက ရောင်နီကိုထိမှန်သွားသည်။သွေးအိုင်ထဲတွင် ကိုမောင်ရောရောင်နီပါလဲကျနေလျက်ရှိသည်။ ခဏအတွင်းဖြစ်ပျက်သွားသမျှကိုမေ့ပျောက်လျက် အမှောင်ကမ္ဘာထဲသို့ရောက်သွားလျက်ရှိသည်။
************
ဆေးရုံကုတင်ပေါ်မှကောင်လေးတစ်ယောက်ချစ်သောသူနာမည်ကို အဖျားစွတ်ခေါ်မိလျက်လန့်ကာနိုးထလာသည်။"ရောင်နီ....."
ဆေးရုံကုတင်ဘေးပတ်လည်ကိုကြည့်လိုက်တော့ သွေးအိုင်ထဲတွင်လဲကျနေတဲ့ထိုကောင်လေးကအဘယ်ကြောင့်သူ့ဘေးနားမှာဘာမှမဖြစ်သလိုသူ့လက်ကလေးကိုဆုပ်ကိုင်ထားရတာလဲ~
ရောင်နီကလဲ သူ့ဘေးကတိုးရှိန်ဆိုသူကို ဆရာဝန်ကိုသွားခေါ်ခိုင်းလိုက်သည်။ကိုမောင်က သည်ကောင်လေးကိုကြည့်မိတော့ တိုးရှိန်ဖြစ်နေသည်။တိုးရှိန်ဆိုတာသူ့ရဲ့လက်ထောက် ပြီးတော့သေသွားခဲ့ပြီမလား။ရောင်နီကိုကြည့်လိုက်တော့လည်းရောင်နီမှာဘာဒဏ်ရာမှရထားသည့်ပုံမပေါ်
"မောင် အဆင်ပြေရဲ့လား သည်မှာစိတ်ပူနေတာ မောင်သတိပြန်မလည်တာအခုဆို ၃လကျော်နေပြီ။"
"၃လကျော်တောင် ဘာကြောင့်မောင် သတိမေ့နေတာလဲရောင်"
ရောင်နီလည်းဘာမှမပြောပြသေးခင် ကုတင်ပေါ်က ကိုမောင်ကို တင်းကြပ်စွာဖက်ထားလိုက်သည်။ ၃လအကြာတောင် လောကနဲ့အဆက်ဖြတ်သွားတဲ့ မောင့်ကို သတိရမိတာအမှန်ပင်။
"ရောင် မဟုတ်ဘူးလေ မောင်က ရောင်ရဲ့ခင်ပွန်းမဟုတ်ဘူး။"
ဟုတ်တယ်။သူသာရောင်နီဆည်းဆာရဲ့ခင်ပွန်းမဟုတ် ရောင်နီရဲ့ မတ်ကလေးမလား။အဘယ့်ကြောင့်ရောင်နီက သူ့ကိုခင်ပွန်းလိုဆက်ဆံနေကတာလဲ....