"ကောင်းသောနံနက်ခင်းပါမောင်....."
အရင်တစ်နေ့ကထက်ပိုကြည့်ကောင်းအောင်ဝတ်ထားတဲ့ရောင်နီကြောင့် ကိုမောင် မျက်နှာအနည်းငယ်မဲ့သွားလျက်
"ရောင်နီ...."
"ပြောလေမောင်ဘာဖြစ်လို့လဲ"
"ဆိုင်ကအလုပ်သမားတွေကလွဲပြီးဘယ်သူနဲ့မှအရောတဝင်မနေနဲ့"
"အင်းစိတ်ပူစရာမလိုဘူးနော်"
"စိတ်ပူတာမဟုတ်ဘူး ဒီတိုင်း မြို့အုပ်ခင်ပွန်းဆိုတဲ့သူကဘာညာဆိုပြီးသတင်းတွေထွက်လာမှာကိုမလိုချင်တာ။"
"အင်းပါသိပါပြီ။လက်ဖက်ရည်ဆိုင်လေးပြန်ဖွင့်ပေးတာနဲ့တင် ကျေးဇူးတင်လှပါဘိ"
ကိုမောင်လည်းဘာမှမပြောတော့ခေါင်းငုံစိုက်လျက်ပင်စားမြဲတိုင်းစားနေသည်။ခဏအကြာမှာတော့ ကားပေါ်သို့တက်သွားလျက် ကိုမောင်ဘေးတွင်ထိုင်လိုက်သည်။လက်ဖက်ရည်ဆိုင်ကိုရောက်တော့ ရောင်နီဆင်းသွားသည်။ကားပေါ်က ကိုမောင်ကတော့ ဆင်းသွားတဲ့ရောင်နီကိုကြည့်နေရင်းနဲ့ ဘာကိုမှန်းမသိ စိတ်ခုနေမိသည်။သည်တော့
"တင်မောင်ဝင်း"
"ဗျာ...."
"ရောင်နီကို ကြည့်ဖိုလူတစ်ယောက် လွှတ်ထားပေး"
"ကောင်းပါပြီ မြို့အုပ် ဒါနဲ့ခဏနေ့ကျရင် မစင်သီယာတို့နဲ့တွေ့ဖို့ရှိတယ်ဗျ"
"ကိုင်းဆိုစမ်းပါအုံး သူတို့ကဘာကိစ္စနဲ့တွေချင်ရတာလဲ"
"ကျွန်တော်ကြားထားတော့စီးပွားရေးကိစ္စပြောစရာရှိလို့တဲ့"
ကိုမောင်ကရယ်လိုက်မိသည်၊၊ဘယ်နှယ်မြို့အုပ်နဲ့စီးပွားရေးကိစ္စပြောချင်တယ်တဲ့သူတို့ဦးနှောက်ရောကောင်းရဲ့လားမသိ။
"သူတို့ဘက်ကပြောချင်သပဆိုတော့လည်းကောာင်းပြီလေသွားကြတာပေါ့"
လက်ဖက်ရည်ဆိုင်ထဲကိုရောက်သည်နှင့်တစ်ဆိုင်လုံးကိုအနုစိတ်သေချာကိုလိုက်ကြည့်နေမိသည်။ထိုဆိုင်လေးကအရင်ကတိုင်းပင်ဘာမှမပြောင်းလဲစွာတည်ရှိနေသည်။အရင်ကပြုံးရယ်သံများနှင့်ပြည့်နှက်နေခဲ့တာကိုစဉ်းစားလိုက်မိတော့မျက်ဝန်းထဲတွင်မျက်ရည်များစို့လာခဲ့သည်။တကယ်လို့သာ ကိုကိုမောင်ဆိုတဲ့လူသားနဲ့မပက်သတ်မိခဲ့ရင်ဒီလိုတွေဖြစ်လာခဲ့မှာမဟုတ်အဖြစ်ပျက်များမှာ မနေ့တစ်နေ့ကလိုပင်သိပ်ကိုမြန်ဆန်လှသည်။နှုတ်ဖျားကနေ