အပိုင်း(၆)

5.5K 547 10
                                    

ရောင်နီတစ်ယောက် သူရဲ့လက်တွင်ရှိတဲ့ ရွှေလက်စွပ်လေးကိုတစ်စိမ့်စိမ့်ကြည့်နေမိသည်။ပထမဆုံးအကြိမ်ပေးတဲ့ လက်ဆောင်ဖြစ်တာကြောင့် ရောင်နီတန်ဖိုးထားရပါသည်။

အခန်းထဲသို့ ရုတ်တရက်ဝင်လာသူကြောင့် ရောင်နီကသူ့လက်ကို နောက်သို့ဖွက်လိုက်မိသည်။ကိုမောင်က မျက်မှောင်ကြုတ်သွားလျက်

"ငါမသိအောင် ဘာတွေလုပ်နေပြန်တာလဲ...."

"အာ ဘာမှမလုပ်ပေါင် ဒါနဲ့အခုနက မောင်ဘယ်သွားတာလဲ"

"စာဖတ်အခန်းမှာ ......"

"ကောင်းသောညပါမောင် "

ရောင်နီလည်းစောင်ကိုခေါင်းမြီုးခြုံရင်းဖြင့်သာ အိပ်နေတော့သည်။ကိုမောင်က ဗီရိုအနားသို့သွားလျက် ဗီရိုထဲမှ သက်သောင့်သက်သာရှိတဲ့အဝတ်တစ်စုံကို လဲပြီးနောက် ရောင်နီဘေး၌မှေးစက်ခဲ့သည်။

****************

ရန်ကုန်မြို့ရဲ့ဆောင်းမနက်ခင်းဝယ် ခြံထဲတွင်လည်း မြူများအပြည့်ဖုံးလွှမ်းနေသည်ထမင်းစားခန်းထဲသို့ပြေးဝင်လာတဲ့တင်မောင်ဝင်းကြောင့် ရောင်နီ‌က တင်မောင်ဝင်းဘက်သို့လှည့်ကြည့်တော့

"အစ်ကိုလေး အပြင်မှာဧည့်သည်ရောက်နေတယ်ဗျ"

"ဘယ်ကဧည့်သည်လဲ ဘယ်သူလဲ......"

"မြို့အုပ်နဲ့တွေ့ချင်တယ်လို့ပြောတယ်ဗျ"

"သူ့ကိုဧည့်ခန်းမှာ ဧည့်ခံထားနှင့် မောင့်ကို သွားပြောပေးမယ်။"

အခန်းငယ်လေးထဲသို့ရောင်နီဝင်သွားသော အဝတ်စားလဲရန်ပြင်နေတဲ့ ကိုမောင် ရဲ့ကိုယ်လုံးပုံစံကြောင့်ရောင်နီက တစ်ဖက်သို့လှည့်လိုက်ပြီး

"အောက်မှာမောင့်နဲ့တွေ့ချင်တယ်လို့ပြောတဲ့လူတစ်ယောက်ရောက်နေတယ်။"

ကိုမောင်က ရောင်နီအနားသို့တိုးလာကာ

"မင်းမြင်ဖူးတာပဲ မဟုတ် အဲဒါကို ဘာကြောင့်တစ်ဖက်ကိုလှည့်နေရဝာာလဲ"

"ဒါပေမယ့်....."

"ခဏနေဆင်းလာခဲ့မယ် "

"ကောင်းပြီမောင် ဒါဆို ကျွန်တော အောက်ဆင်းတော့မယ်။"

ချစ်၍ခေါ်ရာ -complete -Onde histórias criam vida. Descubra agora