ရောင်နီတစ်ယောက်နိုးထလာတော့ဘေးတွင် ကိုမောင်မရှိတော့။ ညကအကြောင်းကိုပြန်စဉ်းစားတော့
********
"ငါမင်းကို ရိုက်ဖို့စိတ်ကူးမရှိဘူးရောင်နီ မင်းကိုလုပ်ပဲလုပ်မှာ"ကိုမောင်ကပြောရင်းရောင်နီရဲ့လည်ဂုတ်သားကိုနမ်းရန်ပြင်နေစဉ် အခန်းတံခါးကိုလာခေါက်တော့
ဒေါက်ဒေါက်
ကိုမောင်တစ်ယောက် ထလျက် ကုတင်ပေါ်တွင်ထိုင်နေသည်။ပြီးနောက်
"ဘယ်သူလဲ..."
"မြို့အုပ် ကျွန်တော် တင်မောင်ဝင်းပါဗျ"
"သည်အချိန်ကြီးဘာအရေးကြီးတာရှိလဲ"
"အပြင်မှာ လူတစ်ယောက်ကတွေ့ချင်တယ်ပြောနေလို့ပါခင်ဗျ အရေးကြီးတယ်လည်းပြောတယ်။"
"ဧည့်ခန်းထဲကိုခေါ်ထားနှင့် ငါဆင်းလာခဲ့မယ်။"
"ဟုတ်ကဲ့"
ရောင်နီလည်းဒီအခြေနေမှာ စောင်လေးကိုဆွဲခြုံပြီးအိပ်နေမိသည်။ ကိုမောင်က စောင်ထဲက ကောင်ငယ်လေးကိုကြည့်ကာခေါင်းခါရင်းနှင့်ပင် ဖရိုဖရဲဖြစ်နေသည့်အင်္ကျီလေးကိုပြန်ပြင်ပြီးနောက်အခန်းပြင်ဘက်သို့ထွက်သွားသည်။
ဧည့်ခန်းအတွင်း၌ထိုင်နေသည်မှာတစ်ခြားသူတော့မဟုတ်စုံထောက်ခန့်ကိုပင်။
"သည်အချိန်ကြီးဘာကိစ္စရှိလို့လဲ"
"ကျုပ်ဒီနေလယ်ခင်ဗျားနဲ့တွေ့ပြီးအပြန်စိတ်ဝင်စားစရာကိစ္စတစ်ခုကြားခဲ့တယ်။"
"ပြောပါအုံး"
"ကြည့်ရတာတော့ခင်ဗျားရဲ့ချစ်လှစွာသောခင်ပွန်းလေးကို အမြစ်ကနေဆွဲဖြုတ်မယ်နဲ့တူပါရဲ့"
"ဘာကိုဆိုချင်တာလဲ"
"ကျုပ်ပြောနိုင်တာတစ်ခုကတော့ ခင်ဗျားရဲ့ခင်ပွန်းနဲ့ပက်သတ်ပြီး နောက်ဖြစ်လာမယ့်ပြသာနာတွေကို စိတ်ထဲ ထည့်မထားနဲ့"
"ဘာအတွက်ကြောင့်သည်လိုစကားမျိုးပြောရတာလဲအကြောင်းရင်းကရော"
"မကြာခင်သိလာမှာပါ။ဒါနဲ့ ကြည့်ရတာ အချိန်ကောင်းကိုဖျက်စီးမိစေပြီနဲ့တူပါရဲ့ သွားခွင့်ပြုပါဦး နောက်တစ်ခါကျရင်တော့စာပို့ဆက်သွယ်လိုက်ပါမယ်။"