(အပိုင်း ၄)

14.4K 397 8
                                    

[Unicode]

မနေ့က ချစ်ကူးလာခေါ်မယ်ပြောထားတာကြောင့် ခွန်းခ မနက်အစောကြီးထကာ၊ အိမ်မှာလုပ်စရာရှိတဲ့ အလုပ်တွေလုပ်ထားပြီး ရေမိုးချိုး၍၊ ချစ်ကူးအလာကိုထိုင်စောင့်နေသည်။

ခဏကြာတော့အိမ်ရှေ့မှာ ကားရပ်သံကိုကြားလိုက်ရသည်။ ချစ်ကူးရောက်လာပြီးအထင်နဲ့ ခွန်းခ ထွက်ကြည့်တော့ ရောက်လာတဲ့လူက‌ ချစ်ကူးမဟုတ်ပဲ ဟိုလူကြီးဖြစ်နေသည်။

သူများခြံထဲကိုမပြောမဆိုနဲ့ခပ်တည်တည်၀င်လာနေတဲ့ ဟန်မင်းသိုက်ကို ခွန်းခအသံမာမာနှင့်၊

"ခင်ဗျားသူများခြံထဲကို ဘာလာလုပ်တာလဲ"

"မင်းကိုလာကြိုတာ"

"လာကြိုရအောင် ကျနော်ကခင်ဗျားနဲ့ချိန်းထားတာလို့လား"

"က်ိုယ်နဲ့မချိန်းထားပေမယ့် မင်းချစ်ကူးတို့နဲ့ချိန်းထားတယ်။မဟုတ်လား"

"ချစ်ကူးနဲ့ချိန်းထားတာက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ"

ပေါက်ပေါက်ဖောက်သလို တခွန်းချင်းဆီပြန်ပြောနေတဲ့ သူအရှေ့က ကလေးမကို ကြည့်ရင်း ဟန်မင်းသိုက် ရင်ထဲယားကျီကျီဖြစ်လာရပြန်သည်။

"ကိုယ့်လဲသူတို့နဲ့အတူ‌ဈေး၀ယ်လိုက်မှာ အခု‌သူတို့နှစ်ယောက်ကအရင်သွားနှင့်ပြီး ချစ်ကူးကမင်းကို၀င်ကြိုပေးပါပြောလို့ ကိုယ်လာကြိုတာ"

"......"

ချစ်ကူးသော အစုတ်ပလုတ်ကောင်!ငါကိုမှဒီလူကြီးနဲ့အတူလာခိုင်းရတယ်လို့ ကောင်စုတ် နင်ငါ့နဲ့တွေ့မယ်...

တဖက်မှ အံ့ကြိတ်ရင်း အသံတိတ်၍ရပ်နေတာမို့၊

"ဟေ့! ကလေးမ သွားမယ်လေ"

"အင်း!ခဏစောင့် ခြံတံခါးပိတ်ပြီးလိုက်ခဲ့မယ် ကားထဲမှာသွားစောင့်နေ"

ဟန်မင်းသိုက် ခွန်းခပြောသည့်အတိုင်း ကားထဲမှာသာ၀င်စောင့်နေလိုက်သည်။

ခဏကြာတော့ ခွန်းခ အ၀တ်အစားလဲ၍ အိမ်တံခါးသော့ခတ်ပြီး ထွက်လာခဲ့သည်။

ခြံထဲကထွက်‌လာနေတဲ့ ခွန်းခကို ဟန်မင်းသိုက် သတိလက်လွတ်ငေးကြည့်နေမိ၏

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now