[Unicode]
ဒုန်း!ဒုန်း!ဒုန်း!
"နှင်းကေခိုင်!!!"
ဒုန်း!ဒုန်း!ဒုန်း!
"မင်းအခန်းထဲကနေထွက်ခဲ့"
အခန်းရှေ့ကအဆက်မပြတ်တံခါးထုနေသည့် အသံကြောင့်၊နှင်းကေခိုင် အိပ်နေယာမှနိုးလာခဲ့ပြီ။ ကျစ်စုတ်စုတ်ဖြင့်အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
အခန်းအရှေ့မှာမြင်လိုက်ရသည့် လူကြောင့်၊ နှင်းကေခိုင် မျက်နှာအမူအယာကိုချက်ချင်းပြောင်းလိုက်ပြီ။
"ဟင်! ကိုမင်းဒီအချိန်ကြီး...အထဲ၀င်ခဲ့လေ"
တံခါးပွင့်လာတာနှင့်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဟန်မင်းသိုက် ချက်ချင်းမျက်နှာလွဲချလိုက်သည်။
ညအိပ်၀တ်အကျီဇာအပါးကိုတင်ဖုံးရုံလောက်သာ ၀တ်ဆင်ထားသည့် နှင်းကေခိုင်ရဲ့ပုံက တခြားသူအတွက်ဆွဲဆောင်မှုရှိချင်ရှိနေမယ်။ သူအတွက်ကတော့အမြင်မတော်ဘူးလို့ပဲ မြင်မိသည်။
"ပုံကိစွကို မင်းလုပ်တာဆိုတာ ငါသိထားပြီးပြီ၊ ဒီလောက်နဲ့ပဲ ငါနဲ့ခွန်းခကြား၀င်ရှုပ်နေတာကို ရပ်တန်းကရပ်လိုက်တော့ နှင်းကေခိုင်၊"
"ဟက်!လွယ်လွယ်နဲ့တော့ ဘယ်ရမလဲ"
"မင်းလိုချင်တာက ဘာလဲ"
"ရပ်စေချင်ရင်၊ ကိုမင်း နှင်းနဲ့အတူ ညစာလိုက်စားပေးရမယ်။"
နှင်းကေခိုင် ပြုံးလိုက်၍ ဟန်မင်းသိုက်၏အရှေ့ကိုတိုး၀င်သွားပြီ။ လက်တွေက ဟန်မင်းသိုက်ရဲ့ရင်ဘတ်ပေါ်သို့ပွတ်သပ်ဖို့ကြိုးစားလိုက်၏
"နှင်းကေခိုင်!!!"
ချက်ချင်းဆိုလို ဟန်မင်းသိုက် ၊နှင်းကေခိုင်၏လက်ကိုဆွဲဖယ်လိုက်ပြီ။ ခါချလိုက်သည်။
"မင်းကိုလိုက်လျောပေးဖို့ ဆန္ဒမရှိဘူး။"
"သေချာစဉ်းစားလိုက်ပါဦး နှင်းကလိုချင်တာကိုရအောင်ယူတတ်တယ်ဆိုတာ ကိုမင်းအသိဆုံးပါ။"
ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာတဲ့သူမို့ နှင်းကေခိုင်ရဲ့ စိတ်ကိုသူကောင်းကောင်းသိ၏ ဟိုးအရင်တည်းက နှင်းကေခိုင်က လိုချင်တာမှန်သမျှသွေးအေးအေးနဲ့ရအောင်ယူတတ်ပြီ။ သူလိုချင်တာကိုမရတဲ့အခါဆို ဘယ်သူမှမပိုင်ဆ်ိုင်ရအောင်ပါ ဖျက်စီးတတ်တဲ့လူမျိုးပင်။
YOU ARE READING
တစ်ဘ၀လုံးချစ်မယ့်သူ [Completed]