(အပိုင်း ၃၈)

9.4K 227 11
                                    

[Unicode]

ခွန်းခတို့ကားလေး မော်ဦးတို့အိမ်ကနေ အိုးဘိုအကျဉ်ထောင်သို့ရောက်ရှိလာခဲ့သည်။

အဖေထောင်ကျထဲက ခွန်းခ အဖေနဲ့တွေ့ရတာ ဒါနဲ့ဆိုသုံးခါမြှောက်ပါ။ ပထမတခါ အဖေ‌ထောင်စကျတုန်းက မေမေနဲ့အတူလာတွေ့ဖြစ်ခဲ့တာ။ ဒုတိယတခါက မေမေဆုံးတဲ့အကြောင်းကိုလာပြောရင်းနဲ့တွေ့ခဲတာ။ အဲတခါထဲက အဖေကနောက်နောင် သူနဲ့လုံး၀လာမတွေ့ဖို့ကို မှာသွားခဲ့တယ်။

အဖေက သူ့ကိုယ်သူ မိဘတာ၀န်မကျေမွန်ခဲ့တာကြောင့် အပြစ်ရှိသလိုခံစားရပြီ၊ ဒီလိုတွေလုပ်နေခဲ့မှန်း ခွန်းခ သိပေမယ့် ခွန်းခရဲ့စိတ်ကလက်မခံချင်တာကြောင့် အားရက်ရတိုင်း အဖေကိုသွားသွားတွေ့ဖြစ်တယ်။ သို့ပေမယ့် အဖေကတော့ ခွန်းခနဲ့ ဧည့်တွေ့ခွင့်ကိုအမြဲလိုလိုငြင်းပယ်ခဲ့တယ်။

ဒီတခါအဖေဘက်က ဧည့်တွေ့ခွင့်ကို မငြင်းပယ်လိုက်မှန်းသိလိုက်ရတော့ ခွန်းခအတော်လေးပျော်မိသည်။ တလမ်းလုံးဆုတောင်းလာသမျှပြည့်၀သွားခဲ့ပြီး။

အဖေနဲ့မတွေ့ရတာကြာပြီးဖြစ်တာမို့ အနည်းငယ်စိတ်လှုပ်ရှားမိတာအမှန်ပင်။

ချစ်ကူးကအပြင်မှာစောင့်နေတာမို့ ဧည့်တွေ့နေရာမှာ ခွန်းခ တစ်ယောက်တည်း၀င်၍စောင့်နေလိုက်သည်။ ခဏကြာတော့တာ၀န်ရှိလူတွေက အဖေကိုခေါ်လာခဲ့ကြသည်။

အရှေ့မှာ၀င်ထိုင်သည့် ဖခင်ဖြစ်သူကို ခွန်းခ သေချာကြည့်ပြီ။ မျက်ရည်တွေက ပါးပြင်ထက်သို့ကျဆင်းလာခဲ့၏

အရင်ကထက်အများကြီးပိန်သွားပြီ မျက်တွင်းတွေကျ၍ နွမ်းနယ်နေတဲ့ အဖေရဲ့ပုံက သူရင်ထဲကို တဆစ်ဆစ်နာကျင်စေသည်။

"အ...အ...အဖေ"

ဦးခွန်းနောင် သမီးဖြစ်သူကိုကြည့်ပြီး‌ မျက်ရည်များဝေ့တက်လာခဲ့သည်။

အဖေလို့ခေါ်သံမကြားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီးလဲ...ဘာမှတာ၀န်မကျေခဲ့တဲ့ သူကအဖေလို့ရောခေါ်ထိုက်ရဲ့လား...မသေခင်တခါလောက်ထက်ကြားခွင့်ရခဲ့တာက သူအတွက်ကံကောင်းခြင်းတစ်ခုလိုပဲ။...

ဦးခွန်းနောင် သမီးဖြစ်သူထိုင်နေသည့်အနားသို့လျှောက်သွား၍ အနားမှာ၀င်ထိုင်လိုက်ပြီး သမီးဖြစ်သူရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကို ခပ်ဖွဖွလေးသုတ်ပေးလိုက်ပြီး။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Tahanan ng mga kuwento. Tumuklas ngayon