(အပိုင်း ၄၀)

11.3K 221 33
                                    

[Unicode]

မနက်နိုးလာတည်းက ဦးဟန်...က ခွန်းခကို အိပ်ယာပေါ်ကလုံး၀ပေးမဆင်းပဲ အ၀အလွမ်းသယ်ခဲ့လေသည်။ နေ့လည် ၂ နာရီလောက်ရောက်မှ၊ ခွန်းခ ဗိုက်ဆာနေပြီးပြောကာမှ လွှတ်ပေးတော့သည်။

နှစ်ယောက်သား မျက်နှာသစ်သွားတိုက်ပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်ကျသည်။ အောက်ရောက်တော့ ထားမေက ခွန်းခကိုတွေ့တာနဲ့ အပြေးလေးလာဖက်လေသည်။

"မမလေးရယ် လွမ်းနေရတာ။ ဗိုက်ထဲကပေါက်စလေးတွေကိုရောပဲ၊ မတွေ့ရတော့ဘူးထင်ထားတာ"

ဖက်ထားသည့်ထားမေအား ဟန်မင်းသိုက် မကျေနပ်တဲ့မျက်နှာထားဖြင့် ကြည့်ရင်း ထားမေဖက်ထားသည့်လက်ကိုဆွဲဖယ်ကာ။

"ငါကလေးနာကုန်တော့မှာပဲ ထားမေရယ်၊ဖယ်...ဖယ်"

"အကိုကြီးကျနေ့တိုင်းဖက်နေပြီတော့"

"မတူဘူးလေ ငါကနူးနူးညံ့ညံ့လေးဖက်တာ။ နင်ကမဂျမ်းပုံ၊ ပုံမျိုးနဲ့ဖက်‌နေတာလေ"

ထားမေ ဟန်မင်းသိုက်အား မျက်စောင်းလေးထိုး၍ ခွန်းခ၏လက်မောင်းလေးအားချိတ်ကာ၊

"မမလေးသိလား။ မမလေးမရှိတဲ့အချိန်ခဏလေးအတွင်းမှာ အကိုကြီးအရက်သမားလုံးလုံးကိုဖြစ်နေတာ"

"ထားမေ နင်မဟုတ်တာတွေလျှောက်မပြောနဲ့"

"ဟုတ်တာပဲ ပြောတာ"

"ထားမေ နင်လစာမတိုးချင်တော့ဘူးပေါ့"

"အကိုကြီးက အမြဲအဲတာနဲ့ပဲ ခြိမ်းခြောက်နေတာ၊ စကားကိုကျနိုင်အောင်ပြန်မပြောနိုင်ပဲ"

ခွန်းခ အလယ်က‌နေ ဘေးကနှစ်ယောက်အားကြည့်၍ ပြုံးကာခေါင်းခါယမ်းလိုက်မိသည်။

ထားမေက ဦးဟန်...ဒေါသထွက်နေတဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်ဆိုကြောက်ရကောင်းမှန်တောင်မသိတဲ့ကလေး...၊ ဦးဟန်...ကလည်း ဘာထူးလို့လဲ၊ လူကြီးပီပီနေမယ်ဆိုတာမျိုးမရှိဘူး။ အငယ်ဆီကနည်းနည်းလေးအနိုင်ယူလိုက်နိုင်မှ ကျေနပ်ရတာမျိုး။

နောက်ဆုံးခွန်းခကပဲ ကြားထဲကနေ ၀င်တားမှဤစကားနိုင်လုပွဲကြီးက ပြီးဆုံးသွားတော့သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now