(အပိုင်း ၂၁)

9.8K 257 9
                                    

[Unicode]

ကတိန်!

အစည်းအဝေးအခန်းမထဲမှထွက်ပေါ်လာသည့် message‌ ၀င်အသံကြောင့် ဟန်မင်းသိုက် မျက်မှောင်ကုတ်၍ ဂျစ်!စပ်စပ်ဖြင့် ဘောင်းဘီအိတ်ကပ်ကဖုန်းကို စိတ်ပျက်စွာထုတ်ကြည့်လိုက်၏

ဖုန်း screenမှာပေါ်လာသည့်"ကလေးမ"ဆိုတဲ့ နာမ်လေးနဲ့ noti ကြောင့် ချက်ချင်းဆိုသလို ဟန်မင်းသိုက်၏မျက်နှာက အခုနကနဲ့မတူတော့ပဲ မျောက်လက်ထဲအုန်းသီးရသည့်ပုံမျိုးနဲ့မျက်နှာပေါ်မှာအပြုံးတွေကတောက်ပလာခဲ့သည်။

ဟန်မင်းသိုက် message‌ကို ချက်ချင်း၀င်ဖတ်လိုက်သည်။

-ကိုကို လွမ်းရင်ကြည့်ဖို့...

ဆိုကာ။ လေးပုံတွဲရက် ပုံလေးကိုပို့ထား၏ တပုံတစ်မျိုးစီ ချစ်ဖို့ကောင်းတဲ့အမူယာလေးတွေလုပ်၍ ရိုက်ထားသည့် ပုံလေးတွေက အတော်ကိုချစ်ဖို့ကောင်းနေသည်။

ဟန်မင်းသိုက် ပုံတွေကိုသေချာကြည့်ပြီး သဘောကျစွာ တချက်ပြုံးလိုက်မိသည်။ ပြီးနောက် ပုံလေးတွေကို save ထားလိုက်ပြီ၊ Reply ပြန်လိုက်သည်။

-ကလေးရာ ကိုယ့်ကိုအခုချက်ချင်း မန္တလေး ပြန်ပြေးလာချင်စိတ်ပေါက်အောင်လုပ်နေတာလား

ချက်ချင်းဆိုသလို ခွန်းခဘက်ကလဲ စာပြန်လာခဲ့သည်။

-မဟုတ်ပါဘူး အလွမ်း‌ပြေကြည့်ဖို့ ပို့ထားပေးတာ အလုပ်ကိုပဲ အာရုံစိုက်ပြီးလုပ်နော်

-ဟုတ်ပါပြီဗျာပြန်လာမှပဲ တနေ့လုံးညတလုံး မလွှတ်ပေးပဲ အ၀အလွမ်းသယ်မှာ‌နော်

-အခုတော့အလုပ်ကိုသာအရင်ဂရုစိုက်ပြီလုပ်ပါ ဒါပဲ

-ဟုတ်ပါပြီးဗျာ ကိုယ့်ရဲ့ကလေးလေး အမိန့်တော်အတိုင်းဖြစ်စေရမယ်

ခွန်းခဘက်က စာကိုအသည်း React လေးပေးကာ၊ လိုင်းဆင်းသွားတာမို့၊ ဟန်မင်းသိုက် ပုံတွေကို‌ zoom ဆွဲပြီ သေချာပြန်ကြည့်နေမိ၏ အကြိုက်ဆုံးပုံလေးဖြစ်တဲ့ နှုတ်ခမ်းဆူနေသည့်ပုံလေးကို wallpaper ပြောင်းထားလိုက်သည်။

အရှေ့ဆံမိတ်မညီမညာလေးနဲ့ပါးပြည့်ပြည့်ဖောင်းဖောင်းလေးတွေက တကယ့်ကိုချစ်ရာကောင်းနေတာ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Donde viven las historias. Descúbrelo ahora