သီတင်းကျွတ်ညလေးတစ်ည

7.2K 184 13
                                    

[Unicode]

"ကဲ...အခုဆို မေမေ့ရဲ့သမီးလေးက အလှဆုံးဖြစ်သွားပြီ"

သနပ်ခါးလူးပြီး အမေဖြစ်သူပြောလာသည့် စကားကြောင့် ဒီးဒီ‌ပြုံး၍ အရှေ့ကမှန်ကိုလှမ်းယူကာကြည့်လိုက်သည်။

ပါးနှစ်ဖက်ပေါ်မှာ ညီညီညာညာလေးရှိနေသည့် ပါးကွက်ကြားလေးကိုကြည့်ပြီး ဒီးဒီသဘောကျကျေနပ်စွာပြုံး၍၊ လှလှလေးလူးပေးသည့် အမေဖြစ်သူကို ဆုချသည့်အနေနဲ့ အ‌နောက်သို့လှည့်လာခဲ့ပြီ၊ ပါးပြင်ပေါ်သို့အနမ်းတစ်ပွင့်လှမ်းခြွေလိုက်လေသည်။

"မေ့...သားဂိုး ပုချိုး၀တ်ပေးအုံး"

မျက်နှာလေးဆူပုတ်၍ ပုဆိုးကွင်းလေးကိုင်ကာ၊ အခန်းထဲ၀င်လာသည့် ကိုကိုးလေးကိုကြည့်ပြီ၊ ခွန်းခ ပြုံးလိုက်မိသည်။

"လာ...မေမေ့ဆီလာခဲ့"

ခွန်းခ ကိုကိုးလေးကို ပုဆိုးသေချာ၀တ်ပေးပြီ၊ မကျွတ်ကျစေရန်အတွက် အပေါ်ပိုင်းက ခါးပတ်လေးပါပတ်ပေးလိုက်သည်။ ခါးပတ်၊ ပတ်ထားတာကို သဘောမကျသည့် ကိုကိုးလေးက မျက်နှာလေးဆူပုတ်ပြီ၊

"ခါးဘတ် ပတ်ချင်ဝူး၊ ရုပ်ချိုးတယ်"

"မဆိုးပါဘူး သားရယ်၊ မေမေ့ရဲ့သားလေးက ဒီလောက်ချောတာကို၊ ပီးတော့ ဒီခါးပတ်သာ သားမပတ်ထား တစ်ခြားလူတွေအရှေ့မှာ ပုဆိုးကွင်းလုံးကျွတ်ကျသွားမှာပေါ့"

"ဟမ်...အာ့ချိုဖြစ်၀ူး...ဖြစ်ဝူး...ပတ်ထားယိုက်မယ်"

အမြန်ပြန်၍ ငြင်းဆန်လိုက်သည့် သားဖြစ်သူကိုကြည့်ပြီ၊ ခွန်းခ သဘောကျစွာပြုံးလိုက်မိပြန်သည်။

မနက်ပိုင်းတစ်ချိန်လုံး ဘုန်းကြီးကျောင်းနဲ့ နွယ်ဒါရီ‌မိဘမဲ့ ဂေယာမှာသာကုန်ဆုံးခဲ့တာမို့၊ ဒီညနေခင်းလေးကိုတော့ အိမ်ကလူကြီးတွေကို လိုက်လံကန်တော့ဖို့ စီစဉ်ထားဖြစ်ကြသည်။

ညနေ‌လဲစောင်းနေပြီးမို့ ကလေးတွေနဲ့ အိမ်ကလူကြီးကိုပြင်ဆင်ပေးပြီးတာနဲ့ ခွန်းခလည်းရေ၀င်ချိုးပြီး အမြန်ပြင်ဆင်၍ အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

"ဦးဟန်...ကန်တော့ဖို့ လက်ဆောင်ပစွည်း‌တွေ အရန်သင့်ဖြစ်ပြီးလာ"

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now