(အပိုင်း ၂၇)

9.6K 260 13
                                    

[Unicode]

ဒီနေ့ကတော့ ခွန်းခတို့ပြင်ဦးလွင်ကိုသွားမည့်နေ့လေးသာဖြစ်သည်။ ဦးဟန်...ကနောက်နှစ်ရက်နေရင်း ဘန်ကောက်မှာ နိုင်ငံခြားကုမဏီတစ်ခုနဲ့အစည်းအဝေးသွားထိုင်ရမှာမို့၊ ခွန်းခတို့နဲ့ပြင်ဦးလွင်မှာ နှစ်ရက်‌လောက်သာလိုက်နေဖြစ်သည်။ ခွန်းခကိုတော့‌ ပြေဦးလွင်မှာပဲ ဆက်နေခိုင်းပြီ၊ သူပြန်လာမှလာပြန်ကြိုပါ့မယ်တဲ့၊

ဒီနေ့သွားဖို့အတွက် ကားကိုတော့ ဦးဟန်...က သူ့ပြောထားသည့်အတိုင်းသေချာစီစဉ်ပေးခဲ့၏ အားလုံးသက်‌တောင့်သက်သာထိုင်စီးသွားရအောင်ဆိုပြီ၊ Toyotaကနောက်ဆုံးထုတ်ထားသည့် မိသားစုကားကို ဒီရက်အတွင်းမှာတင် ရအောင်၀ယ်ချလာခဲ့သည်။

ဦးဟန်...က ပိုက်ဆံရှာ‌တဲ့နေရာမှာသိပ်တော်သလို၊ ပိုက်ဆံဖြုန်းတဲ့နေရာမှာလဲ သိပ်ကိုတော်လွန်းသည်။...

ဒီနေ့သွားဖို့အတွက်ကို ချစ်ကူးတို့အိမ်မှာ လူစုဖို့ပြောထားတာမို့ ခွန်းခတို့နှစ်ယောက် အထုတ်တွေသယ်ကာ၊ ချစ်ကူးတို့အိမ်ဘက်ကိုရောက်လာခဲ့ကြသည်။

အညိုနဲ့မော်ဦးက၊ ခွန်းခတို့ထက်အရင်ကြိုရောက်နေကြ၏ ထွက်ဖို့လူစုံနေပြီးဆို‌ပေမယ့်၊ ကားကတော့အခုထိမရောက်လာသေးပေ။ မိုးမြင့် ကားသွားယူနေတာမို့ အားလုံးအိမ်ကြီးထဲ၌ ကားအလာကိုထိုင်စောင့်နေရ၏

ခဏကြာတော့ ကားလေးခြံထဲသို့‌တရွေ့ရွေ့နဲ့ မောင်း၀င်လာခဲ့သည်။ မိုးမြင့်ကို ခွန်းခကအတူလိုက်ခဲ့ဖို့ခေါ်ပေမယ့်၊ မိုးမြင့်က အတွဲတွေကြားမလိုက်ပါရစေနဲ့ဆိုကာ၊ ကားသော့‌ပေးပြီပြန်သွားခဲ့လေသည်။

အားလုံးကိုယ်ဆီ ကားပေါ်ကိုပစွည်းများတင်ကာ၊ ခရီးဆက်ခဲ့ကြ၏ ကားကိုတော့ စက်နိုင်နဲ့ဦးဟန်...ကသာ၊ တစ်ယောက်တစ်လှည့်မောင်းကြသည်။ ခွန်းခနဲ့ချစ်ကူးကတော့ အညိုကိုအလယ်မှာထာ၍ လက်ကိုတစ်ယောက် တစ်ဖက်ချိတ်ထားကာ၊ တစ်လမ်းလုံး သီချင်းတွေဆိုကာ၊ စကားတွေများခဲ့ကျသည်။ ပြေဦးလွင်ရောက်ခါနီးမှ မောသွားတော့ အညိုပခုံးပေါ်မှာတင်အိပ်ပျော်သွားကျသည်။

မော်ဦးကတော့ တစ်ခုခုကိုအလိုမကျစွာဖြင့် ‌အနောက်ခုံမှာ မျက်နှာကြီးစူပုတ်ကာ၊တစ်ယောက်တည်းထဲထိုင်၍လိုက်ပါလာခဲ့သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Tahanan ng mga kuwento. Tumuklas ngayon