(အပိုင်း ၃၄)

8.3K 216 24
                                    

[Unicode]

အချိန်ကာ မနက် ၈ နာရီခန့် ၊ မနေ့ကချစ်ကူးတို့နဲ့ သောင်းကျန်းလာတာမို့၊ မိုးလင်းလာတာနဲ့ တကိုယ်လုံးကိုက်‌ခဲနေပြီး လူကအိပ်ယာမှတော်ရုံနဲ့မထနိုင်သေးပေ။

ဒီနေ့ပိတ်ရက်မို့ စောစောမထလဲရတယ်ဆိုတဲ့ အသိစိတ်နဲ့ဘေးကရင်ခွင်အကျယ်ဆီသို့တိုး၀င်လိုက်သည်။

နွေးထွေးလှသည့် ဒီရင်ခွင်ကတိုး၀င်လိုက်တိုင်း တင်းကြပ်စွာပြန်ဖက်တွယ်လာလိမ့်ရှိတယ်။ ပုံမှန်ပြုနေသည့် အပြုမျိုး‌ဖြစ်နေတာမို့၊ တဖက်လူအိပ်ပျော်နေရင်တောင် ခန္ဓာကိုယ်ကအလိုလျောက်တုံ့ပြန်၍ပြန်လည်ဖက်တွယ်လာတတ်သည်။ ဒါဟာလုပ်ယူစရာမလိုပဲ ရလာတဲ့ပွေ့ဖက်မူမျိုးဆိုလဲမမှားပေ။

Ti....Ti....Ti.....Ti....

ကြားလိုက်ရစည့် ဖုန်းသံကြောင့်၊ ခွန်းခ ခန္ဓာကိုယ်ကို တစ်ပတ်လမ့်၍ စားပွဲခုံပေါ်ကဖုန်းကိုလှမ်းယူပြီး မျက်လုံးတွေမှိတ်ထားလျက်အတိုင်းသာ ဖုန်းကိုင်လိုက်သည်။

"ဟလို"

"ခွန်းခ!! နင်တွေ့ပြီးပြီလား"

စောစောစီးစီးဖုန်းခေါ်လာပြီ၊ အစမရှိအဆုံးမရှိ မေးခွန်းမေးလာသည့် လူကတော့တခြားလူမဟုတ်ပေ။ ခွန်းခ၏အချစ်တော် အမောင်ချစ်ကူးပင်။ ဘာကိုမေးမှန်းနားမလည်တာမို့ ခွန်းခ တဖြန်ပြန်မေးလိုက်သည်။

"ဘာကိုလဲ"

"ငါ messengerမှာပို့လိုက်မယ်။ နင်ကြည့်လိုက်"

"အင်း"

ချစ်ကူးပြောတဲ့အတိုင်းလိုင်းတက်၍ သူပို့လာသည့်လင့်ထဲ၀င်ကြည့်လိုက်သည်။

ဟန် group hotel ၏ ဥက္ကဌဖြစ်သူ ဒေါ်မေမြတ်ဟန်သည် လိင်တူအမျိုးသမီးတစ်ဦးနှင့်တိတ်တိတ်ပုန်း လက်ထပ်ထားကြောင်းနှင့်ထိုအမျိုးသမီးဟာသူမထက် 8 နှစ်တိတိငယ်ကြောင်း...

သတင်းခေါင်းစဉ်ကိုဖတ်ပြီတာနဲ့ ခွန်းခ၏ငိုက်နေသည့် မျက်လုံးတွေက ချက်ချင်းပြူးကျယ်လာခဲ့သည်။ အိပ်နေရာမှထထိုင်လိုက်ပြီ။ အောက်မှာပါသည့်ပုံများကို သေချာအောင်ကြည့်လိုက်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now