(အပိုင်း ၁၈)

10.4K 254 10
                                    

[Unicode]

{တပတ်ကြာသော်အခါ}

အရင်ကထက်စာရင် အခုဆို ခွန်းခတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပို၍အဆင်‌ပြေလာခဲ့ပြီ။ အလုပ်တွေကြောင့် တနေကုန်မတွေ့ဖြစ်ကြပေမယ့်လည်း မနက်တချိန်နှင့်ညတချိန်တွေ့ဖြစ်သည့် အချိန်လေးတွေကိုတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလိုမျိုးသာဖြတ်သန်းဖြစ်ကြသည်။

အပတ်တိုင်ကျရောက်လာသည့် ပိတ်ရက်တွေဆိုရင် နှစ်ယောက်သား အေးအေးဆေးဆေးနဲ့ ခွန်းခတို့အိမ်ဘက်မှာသာ အချိန်ဖြုန်းလိမ့်ရှိသည်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဦးဟန်...ဘက်က ခွန်းခကို လက်ထပ်ပွဲလုပ်ဖို့အတွက်ပြောလာခဲ့သည်။ ခွန်းခကဘက်က အခုချိန်မှာတော့မလုပ်ချင်ဘူးလို့ အတင်းပြောထားတာကြောင့် ဒီကိစွကိုတော့ ဦးဟန်...ဘက်ကသာအလျော့ပေးလိုက်ရ၏

ခွန်းခလည်းလုပ်ချင်ပါတယ်။ သို့သော် အခုတော့မဟုတ်ဘူးသေးပေ။ ဒေါ်မေမြတ်ဟန်ဘက်က သဘောတူလာမှသာလျှင်ဒီလက်ထပ်ပွဲကို လုပ်ဖို့ဆုံဖြတ်ထားသည်။

မိခင်ရှိနေပါလျက်နဲ့ နှစ်ယောက်လုံး မင်္ဂလာယူရမည့်အချိန်မှာ မိခင်ဖြစ်သူအနားမှာမရှိနေတာကြောင့် ဦးဟန်...မျက်နှာငယ်ရမှာမျိုးကိုတော့ သူမလိုလားမိပေ။ ထို့ကြောင့် ဘယ်လောက်လောက်ကြာ ‌သ‌ဘောတူလာမည့်အချိန်ထိကို စောင့်သွားမယ်လို့သာဆုံဖြတ်ချက်ချထားသည်။

ဒီရက်ပိုင်း အားလုံးအဆင်ပြေနေပေမယ့်၊ အနားကိုကပ်လာတိုင်း ဦးဟန်...တကျီကျီလုပ်နေသည့် ကိစွလေးတစ်ခုတော့ရှိသည်။ အဲတာကတော့ bar ကနေ အမြန်ဆုံအလုပ်ထွက်ဖို့ကိုပါပဲ။ တွေ့လိုက်တိုင်း အဲကိစွကိုပဲ တကျီကျီလုပ်နေလို့ တခါတလေကျရင် ရန်တွေပါထဖြစ်ရသေးတယ်။

ဒီရက်ပိုင်းအတွင်းမှာ ဦးဟန်...နဲ့ကတော့ အဲကိစွကလွဲရင် ကျန်တာကုန်အဆင်ပါပြေသည်။ ဒေါ်မေမြတ်ဟန်နဲ့ကျတော့ အရိပ်လေးတောင်မတွေ့ရတာမို့ ဘာမှထွေထွေထူးထူးတော့မရှိပေ။

ဒီရက်ပိုင်းတွေ့လိုက်ရတိုင်း လုံး၀အဆင်မပြေရတဲ့ လူကိုကတော့ နှင်းကေခိုင်ပဲဖြစ်သည်။ အရင်ကပါစပ်းနဲ့သာအနိုင်ယူတက်ပြီ အခုဆိုသူရဲ့အလုပ်သမားစံပယ်နဲ့အတူ ခွန်းခရဲ့အသက်အန္တရာယ်အထိ ရန်ပြုစပြုလာနေကြပြီ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now