(အပိုင်း ၂၀)

11.4K 279 8
                                    

[Unicode]

ည ၁ နာရီကျော်နေပြီ ခွန်းခအိမ်ကိုပြန်မလာသေးတာကြောင့် ဟန်မင်းသိုက်တစ်ယောက်စိတ်ပူစွာဖြင့် အခန်းထဲမှာ ဟိုဘက်လျှောက်၊ဒီ‌ဘက်လျှောက်လုပ်နေရင်း ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး အလုပ်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။

ကားထုတ်ဖို့အလုပ် ခွန်းခတို့ခြံဘက်က မီးဖွင့်ထားတာကိုလှမ်းတွေ့လိုက်ရတာမို့ အဲ့ဘက်အိမ်ကိုရောက်နေတယ်အထင်နဲ့ လာကြည့်လိုက်မိတာ။ ဒေါသထွက်ပြီး ပြန်ခဲ့ရသည်။

အဲကောင်ရဲ့ အကြည့်တွေက မရိုးသားဘူးဆိုတာ။ ယောင်္ကျားလေးအချင်းချင်းဖြစ်တဲ့ ကျွန်တော်ကသိနေရတယ်။ ဖြစ်နိုင်ရင် အဲ့နေရာမှာတင်ဆွဲထိုးလိုက်ချင်တာ။ ဒီကလေးမကြောင့်သာ အောင့်အီပြီအိမ်ကိုပြန်လာခဲ့ရတာဖြစ်သည်။

"ကဲ!ပြောပါဦး သူကဘယ်သူလဲ"

အခန်းထဲရောက်လာတာနဲ့ ဟန်မင်းသိုက်၏မေးမြန်းစစ်ဆေးရေးက အရင်စတင်လာခဲ့သည်။

"ဦးဟန်...တို့ ဟိုတယ်အောက်က ကော်ဖီဆိုင်ပိုင်ရှင်"

"ကိုယ်အရင်ကသူကိုတခါမှမမြင်ဖူးပါဘူး။"

"အင်း...လွန်ခဲ့တဲ့ ၂ လလောက်ထဲက သူ့ရန်ကုန်ကိုပြန်သွားတာ မနက်ကမှပြန်ရောက်လာတာတဲ့"

"ဟုတ်ပါပြီ၊ အဲကောင်ကဒီအချိန်ကြီး မင်းခြံထဲကိုဘယ်လိုရောက်နေတာလည်း။ မင်းကရောဘာလို့သူနဲ့အတူရှိနေရတာလည်း"

ခွန်းခ မျက်နှာငယ်လေးလုပ်၍ ဖြစ်ခဲ့သမျှကို သေချာရှင်းပြလိုက်သည်။

"ကျစ်!မင်းအတော်ခေါင်းမာတယ်။ ကိုယ်‌လာကြိုမယ်ပြောလည်း မင်းကလက်မခံ၊အလုပ်ထွက်ဆိုတော့လည်း မင်းကအရေးမလုပ်၊ဒီလိုညဘက်ကြီးလမ်းမှာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ မင်းတစ်ခုခုဖြစ်တာနဲ့ဒီ‌ကောင်ကအရင်၊ရင်ကွဲပြီးသေမှာ အဲတာကိုမင်းသိလား။"

ခွန်းခ နှုတ်ခမ်းလေးဆူ၍ ဟန်မင်းသိုက်၏လက်ကိုလှမ်းကိုင်လိုက်ကာ။

"ဦးဟန်...စိတ်ပူတာကို သိပါတယ်။ အချိန်တစ်လလောက်ပဲ ထက်‌ပေးပါနော်...နော်"

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now