(အပိုင်း ၁၇)

11.2K 271 15
                                    

[unicode]

စူးရှလှသည့်နေရောင်ခြည်တွေက ပြတင်းပေါက်ဆီကနေ တဆင့် နှစ်ယောက်အိပ်ကုတင်ဆီသို့ တဖြည်းဖြည်းတိုးကာ၀င်လာနေသည်။ မျက်နှာပေါ်သို့ကျရောက်လာသည့် နေရောင်ခြည်ကြောင့် ဟန်မင်းသိုက် ဆက်အိပ်မရတော့ပဲ နိုးလာခဲ့သည်။

အိပ်ချင်မပြေသေးတဲ့စိတ်ကြောင့် မျက်လုံးတွေကိုမှိတ်ထားလျက်သာနဲ့ရင်ခွင်ထဲက အနွေးဓာတ်လေးကို ပိုတင်းကြပ်စွာဖက်ထားလိုက်သည်။

ပိုးတင်ကျပ်စွာဖက်လိုက်တာနှင့်အလိုက်တသိ ရင်ခွင်တိုး၀င်လာသည့် အကောင်ပေါက်လေးကြောင့် ဟန်မင်းသိုက် ပြုံး၍ နဖူးပေါ်သို့ နမ်းတပွင့်ခြွေလိုက်သည်။

အစောကြီးထဲက နိုးနေပေမယ့် မထချင်သေးတဲ့စိတ်ကြောင့် ရင်ခွင်ထဲတိုးကာ၀င်အိပ်နေမိသည်။ သို့သော် နဖူးပေါ်ကျလာသည့် နွေးထွေးတဲ့နှုတ်ခမ်းတစုံကြောင့် မျက်လုံးတွေကအလိုလျက်ပွင့်လာခဲ့သည်။

"နိုးပြီးလား ကလေး"

"အွန်း!"

အိပ်ချင်စုတ်ဖွာဖြစ်နေသည့် ခွန်းခ၏ပုံလေးကို ဟန်မင်းသိုက်အူးယာစွာဖြင့် မျက်နှာတပြင်လုံးကိုအနမ်းတွေလိုက်ပေးပစ်လိုက်သည်။ နောက်ဆုံး ခွန်းခ၏လက်လေးကိုကိုင်၍ အနာကပ်ပလာစတာလေးပေါ်သို့ အနမ်းတပွင့်ခြွေလိုက်ပြီ။

"ဒါကိုယ်ကြောင့်ဖြစ်ရတာမဟုတ်လား။ ကိုယ်တောင်းပန်ပါတယ်နော်"

"....."

အခုလိုပျော်ရွင်နေရတဲ့ အချိန်မှာနာကျင်စရာတွေကို မေ့ထားလိုက်ချင်တယ်။ ဦးဟန်...

ခွန်းခ ဘာမှပြန်မဖြေပဲ ပြုံး၍သာ၊ အ၀တ်အစားမဲ့နေသည့် ဟန်မင်းသိုက်၏ ရင်ခွင်ထဲကိုတိုးကာ၀င်လိုက်သည်။

"ဦးဟန်..."

"ဗျာ"

"ဖြစ်နိုင်ရင် ဆေးလိပ်တွေလျော့သောက်ပါနော်"

"ကလေး မကြိုက်ဘူးဆို ကိုယ်နောက်တခါလုံး၀မသောက်တော့ဘူး။"

"မသောက်နဲ့လို့ပြောတာတော့မဟုတ်ဘူး။ စိတ်ညစ်စရာတွေရှိတဲ့အခါ၊စိတ်ရှုပ်စရာတွေရှိလာတဲ့အခါဆိုရင်တော့ စိတ်ထွက်ပေါက်ဖြစ်စေဖို့သောက်ပါ။ အများကြီးတော့ မသောက်မိစေနဲ့နော်၊ ကြာလာရင် ခင်ဗျား ကျမ်းမာရေးထိခိုက်မှာစိုးရိမ်လို့"

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now