(အပိုင်း ၂၃)

9.6K 208 6
                                    

[Unicode]

{အတိတ်ကနေ့ရက်များဆီသို့ အလည်တစ်ခေါက်။}

မေမေစုထားသည့်ပိုက်ဆံလေးနဲ့နောက်ဆုံး ခွန်းခတို့ကိုယ်ပိုင်အိမ်နဲ့ခြံလေး၀ယ်နိုင်ခဲ့ပြီး အိမ်ကသိပ်မကြီးပေမယ့် ခြံလေးကတော့ အတော်ကျယ်သည်။

ဒီနေ့အိမ်ပြောင်းတာမို့ ခွန်းခလည်း တက်နိုင်သမျှမနိုင်မနင်း ပစွည်းများသိမ်းကာ၊ ကူရွေ့ပေးနေရသည်။ ခွန်းခအသက်က ၇ နှစ်ဆိုပေမယ့် တခြားကလေးတွေနဲ့မတူပဲ အရွယ်နဲ့မလိုက်အောင် လိမ်မာရင့်ကျက်တဲ့ကလေးဆိုပြီ မေမေနဲ့ မော်ဦးရဲ့အဖေကအမြဲလို၊လိုချီးကျူးလိမ့်ရှိသည်။

ဒီနေ့အိမ်ပြောင်းတာကို မော်ဦးနဲ့သူ့အဖေက လာကူပေး၏ အဖေကတော့အလုပ်ဆိုပြီထွက်သွားလိုက်တာ မနေ့ထဲကအခုအချိန်ထိ ပြန်မလာသေးပေ။ မော်ဦးတို့သားဖ လာကူညီပေးတာကြောင့် ခွန်းခတို့သားမိနှစ်ယောက် အများကြီးသက်သာရ၏ မဟုတ်ရင်သားမိနှစ်ယောက်ထဲ ပစွည်းအများကြီးနဲ့ တိုင်ပတ်နေမှာအသေချာပင်။

ခွန်းခ၏ ခန္ဓာကိုယ်သေးသေးလေးနှင့်ပစ္စည်းထုတ်အကြီးကြီးကို မနိုင်မနင်းအိမ်ထဲကိုသယ်နေရင်းအသံတခုကြားလိုက်ရ၏

"ဟိတ်!ဟိတ်!ဟိတ်! အဝါရောင်၀မ်းဆက်နဲ့တစ်ယောက်"

အသံရှိရာဘက်သို့လှည့်ကြည့်လိုက်တော့၊ အသားဖြူဖြူ ၀၀လုံးလုံး၊ ပါးဖောင်းဖောင်း၊ မျက်မှန်အဝိုင်းအမဲကြီးနဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏ သူ့အရပ်ထက်မြင့်သည့် ခြံစည်းရိုးပေါ်ကနေ၊ ခေါင်းတစ်လုံးသာ ဖော်၍ လက်ယက်ကာလှမ်းခေါ်နေသည်။

ခွန်းခ ကြောင်တောင်တောင်နဲ့ ကိုယ့်ကိုယ်ကိုယ်လက်ညိုးထိုး၍ ငါ့ကိုယ်ခေါ်တာလားဟု မေးလိုက်သည်။

"ဟုတ်တယ် နင့်ကိုခေါ်တာ။"

အခုမှမြင်ဖူးတာကို လူကိုတရင်းတနှီးပြောနေတာမို့ ခွန်းခနည်းနည်းတော့ အူကြောင်ကြောင်ဖြစ်နေမိသည်။ သယ်လာတဲ့အထုတ်ကိုချလိုက်ပြီ ခြံစည်းရိုးနားသို့ကပ်သွားလိုက်၏

"ငါကိုမှတ်မိလား။"

"ဟင့်အင်း။ နင်ကငါကိုသိလို့လား။"

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now