(အပိုင်း ၃၂)

8.4K 231 35
                                    

[Unicode]

{တစ်လကြာသောအခါ}

ဦးဟန်...နဲ့ အတူဒီဘက်အိမ်မှာလာနေတာ အခုဆိုတစ်လတောင်ရှိသွားခဲပြီ၊ လင်နဲ့မယားလျှာနဲ့သွားဆိုသည့်အတိုင်းပါပဲ၊ ခွန်းခတို့နှစ်ယောက်လည်း ဒီအတောအတွင်းမှာ ပြန်အဆင်ပြေလာခဲ့ကျပြီ။ ခွန်းခရဲ့စိတ်အခြေအနေကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေကို‌တော့ ဦးဟန်...ဘက်ကရှောင်ပေးသည်။

အခုဆို ခွန်းခလည်း ကိုညဏ်လင်းကိုအကြိုအကြောင်းပြောပြပြီ။ ကော်ဖီ‌ဆိုင်အလုပ်က ထွက်ခဲ့လိုက်ပြီး၊ ဝါသနာပါတဲ့အလုပ်‌လေး‌ဆိုပေမယ့် ဒီထက်ပိုပြီး ဦးဟန်...အထင်လွဲမှာမျိုးကိုတော့ အဖြစ်မခံနိုင်တော့ဘူး။

အလုပ်တွေအကုန်ထွက်ခဲ့လိုက်ပေမယ့်၊ ခွန်းခ အလုပ်လက်မဲ့တော့မ‌ဖြစ်သေးပါ။ ချစ်ကူးတို့ရဲ့ mini martမှာ ချစ်ကူးနဲ့အတူ အချိန်ပြောင်းပြီ ဝိုင်းကူဖြစ်နေသေးတယ်။ နေ့လည်ပိုင်းတချက် ပိုက်ဆံရှင်းတဲ့နေရာမှာပဲထိုင်ရတာမို့ ဒီအလုပ်က ခွန်းခအတွက်သိပ်မပန်းမကြီးလှပေ။

မပေါ့မပါးကြီးနဲ့မလုပ်ခိုင်းစေချင်လို့ ဦးဟန်...ကတော့ မလုပ်ဖို့တားပါသေးတယ်။ သို့သော် အလုပ်မရှိရင် မနေနိုင်တဲ့သူပီပီ၊ ခွန်းခက‌တော့ ဒီအလုပ်တစ်ခုထဲကိုသာလုပ်ဖို့ ခွင့်တောင်းထားရတယ်။

ဦးဟန်...ကတော့ ဒီဘက်အိမ်မှာပြောင်းနေကတည်းက ကုမ္မဏီအလုပ်တွေကို ကောင်းကောင်းကိုမလုပ်ရပေ။ တနေ့‌တနေ့ အိမ်သန့်ရှင်းရေးလုပ်လိုက်၊ ခွန်းခ စားဖို့ချက်လိုက်၊ ခွန်းခရဲ့ ဝေယာဝိစ္စမှန်သမျှအကုန်လိုက်လုပ်ပေးရနဲ့တင် အားတဲ့အချိန်ဆိုတာသိပ်မရှိပေ။

အခုဆို ခွန်းခ၏ကိုယ်၀န်က ၉ ပတ်ထဲသာရောက်နေသေးတာမို့၊ ဘာပဲလုပ်လုပ်ဂရုစိုက်နေရသည်။ အရင်ကလိုတော်ရုံနဲ့ဘာမှမလုပ်နိုင်သေးပေ။ အလုပ်လေးနည်းနည်းလုပ်လိုက်တာနဲ့ အမောစို့မတတ်ပင်၊ အဲတာ‌တွေကြောင့်ပဲ ဦးဟန်...က ခွန်းခကို ဘာမှမလုပ်ခိုင်းပေ။

ကိုယ်၀န်လနုနေသေးတာမို့ အခုနောက်ပိုင်း ပုံမှန်ထက်ပိုပြီ။ မောပန်းတာတွေ၊ ဗိုက်ခဏခဏဆာသလိုမျိုးတွေလာပြီး စားလိုက်တိုင်းလည်း အမြဲပြန်ပျို့အန်တက်လာတာတွေကို နေစဉ်နဲ့အမျှခံစားလာနေရပြီ၊ ခွန်းခ ဒီလို‌တွေဖြစ်တိုင်း အနားမှာပြာယာခက်နေတဲ့သူက ဦးဟန်...ပင်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now