(အပိုင်း ၇)

12.4K 327 2
                                    

[Unicode]

ပွဲကနေ အိမ်ကိုပြန်ရောက်လာထဲက ခွန်းခ ရင်ခုန်သံတွေထိန်းချုပ်ဖို့ခက်နေခဲ့သည်။

ရေမိုးချိုးပြီးပုံမှန်တိုင်းပဲ ညစာစားဖို့ မားမားပြုတ်၍ ဥကြော်လိုက်သည်။ တစ်ယောက်ထဲနေတဲ့သူမို့ ခွန်းခကအခုလိုပဲ ဖြစ်သလိုစားနေကျပင်။

မားမားစားနေရင်းနဲ့ နမ်းနေနဲ့ထိုမြင်ကွင်းကမျက်လုံးထဲမှာ ဒိန်ခနဲပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုခေါင်းကိုခါရမ်းလိုက်ပြီ မားမားကိုသာ ပြန်ပြန်စားလိုက်သည်။

ညအိပ်ယာ၀င်တဲ့အချိန်ရောက်လာတဲ့အထိ နမ်းနေတဲ့မြင်ကွင်းက သူကိုစိုးမိုးနေတုန်းပင်။ အဲအကိစွကိုခေါင်းထဲက‌နေထုတ်ပြီး မျက်လုံးအတင်းမှတ်၍ အိပ်ပျော်ဖို့ ကြိုးစားပေမယ့်လဲမရပေ။

ခွန်းခ စိတ်မရှည်တော့တာကြောင့် ချက်ချင်းထထိုင်လိုက်ပြီ။ ခြံထဲဆင်း၍ ခရေပင်ကြီးအောက်မှာ ခဏထိုင်နေလိုက်သည်။

အရင်ကဆို အိပ်မပျော်တဲ့ညတိုင်း မေမေက ဒီခရေ‌ကြီးအောက်မှာပုံပြောပြပြီး ချော့သိပ်နေကျပဲ။ အခုတော့လွမ်းမိသာ။...

မေမေမရှိတော့နောက်ပိုင်း အိပ်မပျော်တဲ့ညတွေကလည်း ပို၍များလာခဲ့တယ်။ အိပ်မပျော်တိုင်းဒီအပင်ကြီးအောက်မှာ ထိုင်ငိုနေရုံမှအပ သူမှာဘာမှမလုပ်နိုင်ပေ။

ညဘက်ဖြတ်တိုက်သွားတဲ့ လေအေးတွေနဲ့အတူ ခရေပင်ကြီးကလည်း သူရဲ့သင်းရနံ့လေးတွေကိုအားလုံးရ‌အောင်သယ်ဆောင်နေလေသည်။

ဤအပင်ကြီးအောက်မှာ အထီးကျန်မှုများစွာနဲ့ ကောင်းမလေးတစ်ယောက်က လေအေးတွေနဲ့အတူရလာတဲ့ ထိုရနံ့‌လေးတွေကို မျက်လုံးလေးမှိတ်ကာခံစားနေလေသည်။

သူအတွက်ကတော့ ဒီ‌နေရာကအကောင်းဆုံးစိတ်ပေါက်တစ်ခုပင်။...ပျော်ရွင်တဲ့အခါလည်းဒီနေရပျော်ရွင်တယ်။ ၀မ်းနည်းကြေကွဲရတဲ့အခါလည်း ဒီနေရာမှာထိုငိုမိတယ်။ အဲလိုနဲ့ပဲ ဒီနေရာလေးက သူအတွက်အရေးပါတဲ့နေရာလေးတစ်ခုဖြစ်လာခဲ့တယ်။...

>>>>>>>>>>>>>>>>>>>>>>

အချိန်ကာ မနက် 5 နာရီခွဲခန့် ၊ ဟန်မင်းသိုက် တစ်ယောက်ပုံမှန်ထက်ပိုစော၍ထကာ ခွန်းခဆီသွားဖို့အချိန်မှီ ပြင်ဆင်နေတော့သည်။ နိုးလာကတည်းကပုံထက်မှန်ထက်ပို၍အူမြူးနေတာတော့အမှန်ပင်၊ ခပ်မြန်မြန်ရေမိုးချိုးပြင်ဆင်၍ အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now