[Unicode]
ဖြစ်ခဲ့သမျှမပြောပြရင် ဟိုလူကြီးဆီကိုယ်တိုင်သွားမေးမယ် တကဲကဲလုပ်နေလို့ ခွန်းခမှာဖြစ်ခဲ့သမျှပြောပြလိုက်ရသည်။
"နင်အခု အဲအိမ်မှာနေ၊နေတာလား"
"အင်း ဟုတ်တယ် ၃ နှစ်၊ ၃နှစ်ပြည့်ရင် ငါဘက်ကတောင်းဆိုသလို သူလုပ်ပေးမယ်ပြောတယ်။"
လက်ထပ်စာချုပ်ကိစွကိုပြောပြလိုက်ပေမယ့် ပိုက်ဆံကိစွကိုတော့ မပြောပြဖြစ်ပေ။ အဲကိစွသာကိုယ်တော်သိရင် ပိုက်ဆံအပုံလိုက်ယူလာပြီး 'နင်အခုချက်ချင်းအဲအိမ်ပေါ်ကဆင်းခဲ့'လို့ပြောမှာအသေချာပင်။
"တောက်! ငါ့ကွာ!"
ခွန်းခ ပြောတာကို နားထောင်ပြီး မော်ဦး ဒေါသထွက်လာ၍၊ အနောက်က နံရံကိုလက်သီးနှင့်ပိတ်ထိုးလိုက်သည်။
"ဟဲ့!ဘယ်လိုတွေတောင်လုပ်နေတာလဲ နာကုန်မှာပေါ့၊ တစ်ခုခုဆို အခုလိုမျိုးဒေါသရှေ့တန်းတင်တက်တဲ့ အကျင့်ကိုဖျောက်အုံး!"
ပြောရင်း ခွန်းခ လက်ကိုဆွဲယူကြည့်လိုက်တော့ သွေးစများအနည်းငယ်ထွက်နေတာကြောင့်၊ လွယ်အိတ်ထဲမှာပါလာသည့် လက်ကိုင်ပုဝါကိုဆွဲယူလိုက်ပြီ လက်မှာပေနေသည့် သွေးစတွေကို သုတ်ပေးလိုက်သည်။
"မဖျောက်နိုင်ဘူး!အဲဒီဘိုးတော် နင်ကိုစိတ်ဆင်းရဲအောင်လုပ်တာနဲ့ ငါကိုလာပြော ငါအဲဒီအိမ်ပေါ်ထိတက်ပြီး လာပြန်ခေါ်လာမှာ၊ အေးနောက်တစ်ခုက အခုလိုမျိုး နင်မျက်နှာပေါ်မှာရထားတဲ့ဒဏ်ရာမျိုး နောက်တခါရလာရင် ငါအဆိုးမဆိုနဲ့"
"အေးပါ။ နင်နဲ့ချစ်ကူးက တခါတလေ ငါသူငယ်ချင်းနဲ့မတူပဲ ငါအဖေနဲ့ပိုတူနေတယ်"
(A/N ခွန်းခ အိုင်တို့ကောင်ဇိုးလေးကို သားဖဇုန်ထဲပါပစ်သွင်းနေတာ။🤣)
"တော်ပါ။ ငါကို နင့်အဖေပါပေးမဖြစ်နဲ့တော့"
"ခစ်...ခစ်"
ပြောင်ချော်ချော်ဖြင့် စကားလည်းပြော လက်ကလည်း အနာကို သေချာသုတ်ပေးနေသည်။
"မနက်ဖြန်ကျရင် ငါနယ်စပ်ဘက်ကို ခရီးသွားစရာရှိတယ်။ နင်လိုချင်တာရှိလား။"
YOU ARE READING
တစ်ဘ၀လုံးချစ်မယ့်သူ [Completed]