(အပိုင်း ၈)

12.1K 330 14
                                    

[Unicode]

ဆေးရုံကိုရောက်တာနဲ့တင် ဟန်မင်းသိုက် စိတ်မအေးရသေးပေ။ ဆေးရုံထဲမှာ ဟိုပြေးဒီပြေးနဲ့ ဆရာ၀န်တွေထက်ပို၍ သူကအလုပ်များပြီး ပြာယာခတ်နေတော့သည်။

ဆရာ၀န်‌တွေ‌ စမ်းသပ်၊စစ်ဆေး‌ပေးနေတဲ့အချိန်မှာလဲ သူကဘေးနားကနေ လူနာထက်ပို၍ ဂနာမငြိမ်ဖြစ်နေရ၏

အချိန်အတော်ကြာမှ စစ်ဆေးချက်အဖြေထွက်လာတော့ အူအတက်ပေါက်တာတဲ့၊ ဆရာ၀န်ကတောင်ဆူသွားသေးတယ်။ ဗိုက်အောင့်တာကို ချက်ချင်းဆေးရုံးမလာပဲ ဘာလို့အကြာကြီး အောင့်ခံထားရတာလဲတဲ့၊

ဘယ်အချိန်ထဲက တစ်ယောက်တည်း ဗိုက်အောင့်တာကိုကြိတ်ခံစားနေလဲမသိ၊ ဆေးရုံရောက်တော့ ခန္ဓာကိုယ်တစ်ခုလုံးကမျော့မျော့လေးသာကျန်တော့တယ်။ဒါတောင် မနက်က ကိုယ်ကအလိုက်ကန်းဆိုးမသိပဲ မားမားချဉ်စပ်တွေကျွေးခဲ့မိသေးတယ်။ ဟူးးး...ကိုယ့်ကိုယ်ကိုယ် ဒီကလေးမအကြောင်း အ‌တော်သိလာပြီးထင်တာ တကယ်တော့ သူကဒီကလေးမနဲ့ပက်သက်လာရင် ဘာဆိုဘာမှတောင် မသိသေးတဲ့သူ‌တစ်ယောက်ပဲ။...

ဆရာ၀န်က ညသန်းခေါင်ယံကျရင် ခွဲခန်းထဲ၀င်ရမယ်ပြောလို့ ဟန်မင်းသိုက် အပြင်မထွက်တော့ပဲ လိုအပ်သမျှပစွည်း‌တွေကို မိုးမြင့်နဲ့သာမှာလိုက်သည်။

အိမ်က‌မွေးမိခင်ကိုလည်းဖုန်းဆက်၍ အလုပ်ကိစွကြောင့် ခရီးထွက်ရမယ်ဆိုပြီးလိမ်ထားရသည်။ မဟုတ်ရင် သူဒီမှာညစောင့်အိပ်လို့ရမှာ မဟုတ်ပေ။

ခွဲခန်းထဲမ၀င်ခင် လူနာအတွက်ဖောင်ဖြည့်ရန်အတွက် ဟန်မင်းသိုက် အောက်သို့ဆင်းခဲ့လိုက်၏ ဖောင်ဖြည့်ရမည့်နေရာမှာ ဖောင်ယူ၍ ထိုင်ဖြည့်လိုက်သည်။ အားလုံးဖြည့်ပြီးသွားတော့ နောက်ဆုံး အုပ်ထိန်းသူနေရာမှာ လတ်မှတ်ထိုးမည့်သူ မရှိ‌တာကြောင့် သူကိုယ်တိုင်ပဲ လက်မှတ်ထိုးလိုက်သည်။ အုပ်ထိန်းသူနဲ့တော်စပ်ပုံ နေရာမှာတော့ ရည်းစားလို့သာ ဖြည့်ထားလိုက်သည်။

သူလုပ်ရမယ့်အရာတွေအားလုံးပြီးသွားတော့ ချစ်ကူးတို့ဆီဖုန်းဆက်ပြီ အကြိုအကြောင်းပြောပြထားလိုက်လေသည်။
______________________________

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now