[Unicode]
ကားပေါ်မှာမပြီးပြတ်သေးတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးကို ဒီအိမ်မှာပြန်၍ခရီးဆက်ဖြစ်ခဲ့ကျ၏ အချိန်တော်ကြာမှ နှစ်ယောက်သားစိတ်ဆန္ဒများပြည့်၀ခဲ့ကြပြီ၊ ပင်ပန်းနွမ်းနယ်လာတော့သည်။
ခွန်းခက ဆေးအရှိန်ကြောင့်ရောပင်ပန်းတာကြောင့်ပါ၊ အရင်အိပ်ပျော်သွားမို့ ဟန်မင်းသိုက်ကပဲ ခွန်းခကို ရေချိုးခန်းထဲသို့ ပွေ့ချီကာ သန့်ရှင်းရေးလုပ်ပေးပြီ၊ ဗီဒိုထဲကသူ့အကျီအပွ တထည်ယူ၍၀တ်ထားပေးလိုက်သည်။
ခွန်းခကို အားလုံးလုပ်ပေးပြီတာနဲ့ ကုတင်ပေါ်မှာသေချာသိပ်ထားလိုက်သည်။ သူကိုယ်တိုင်းလည်း ပင်ပန်းနေပြီမို့ ရေချိုးခန်းထဲ၀င်၍ ရေချိုးချလိုက်သည်။
ရေချိုးပြီတာနဲ့မှန်အရှေ့မှာရပ်ကာ။ သူ့ကိုယ်ပေါ်က ကုတ်ရာများနှင့်အနီညိုရင့်ရောင် အရာလေးတွေကိုတစ်ချက်ငေးကြည့်လိုက်မိသည်။
"အချစ်က ပေးထားတဲ့အမှတ်အသားမို့ထင်တယ်။ မြင်ရတာအတော်လေးလှတယ်။"
ရေချိုးခန်းထဲမှာ မှန်ကြည့်နေရင်း တစ်ယောက်တည်း တီးတိုးစွာရယ်၍ သဘောကျနေမိတော့သည်။
ကြည့်နေတာကိုရပ်လိုက်ပြီ အ၀တ်များ၊ အမြန်၀တ်လိုက်ကာ ကုတင်ပေါ်သို့တက်အိပ်လိုက်ပြီး ခွန်းခ၏ခေါင်းကိုအသာလေးမ၍ သူလက်မောင်းပေါ်တင်ကာ၊ ခေါင်းအုံးကိုအဝေးသို့လွှတ်ပစ်လိုက်၏ ခွန်းခကိုသူရင်ခွင်ထဲထည့်လိုက်ပြီ နဖူးပေါ်သို့အနမ်းတပွင့်ခြွေရင်း။
"Good Night ကိုယ့်ရဲ့ကလေးလေး အိမ်မက်လှလှမက်ပါစေ"
သူကိုယ်တိုင်လည်း ခွန်းအားတွေအများကြီးသုံးထားရမို့ ခေါင်းချလိုက်တာနဲ့ချက်ချင်းပင် အိပ်ပျော်သွားတော့၏
ထိုညလေးဟာ သူတို့နှစ်ယောက်လုံးအတွက် လုံး၀မမေ့နိုင်တော့တဲ့ အမှတ်တရလေးတခုသာ။...
___________________________တဖြည်းဖြည်းနဲ့အချိန်တွေကုန်ကာ ဟန်မင်းသိုက် စေ့စပ်ပွဲမတက်ရောက်လာတာကြောင့် စေ့စပ်ပွဲကိုလာသမျှဧည့်သည်တော်များက ပြန်သွားကြပြီဖြစ်သည်။
YOU ARE READING
တစ်ဘ၀လုံးချစ်မယ့်သူ [Completed]