#Unicode
နေကြာငယ်ရဲ့ဖန်တီးမှုလေးနောက်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေရှင့်......
'သို'ရဲ့ Season-2လို့ပဲ ပြောရမှာပေါ့။ 'သို'ကိုမဖတ်ထားလည်း ဖတ်လို့ရပါတယ်ရှင့်.... 'တိမ်လွှာထက်မှ ဂမုန်းငယ်'ထဲမှ အဓိကဇာတ်ကောင်လေးရဲ့ဖခင်နှစ်ယောက်က 'သို'ထဲကပါနော်။ အဖေတွေအကြောင်းပြီးတော့ သားအကြောင်းလေးဆက်သွားကြည့်ကြတာပေါ့လေ....
'တိမ်တိုက်လွင်ပြင်'ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေး။ ထိုကောင်လေးရဲ့အသိုင်းအဝိုင်းက ကြီးကြီးတက် ချမ်းသာပေမယ့် ကောင်လေးကတော့ သိပ်အရေးမလုပ်တတ်ဘူး။
ထိုကောင်လေးအရေးလုပ်သည့် တစ်ခုတည်းသောအရာက...
'လွမ်းဂမုန်းအိမ်'ဆိုတဲ့ကောင်လေး။ ငယ်စဥ်ကတည်းက အတူတူကြီးပျင်းလာခဲ့တဲ့ညီလေးအဖြစ်တဖုံ၊ အချိန်ကာလကြားပိုင်တစ်ခုမှာ ဝေးကွာသွားရပြီးပြန်ဆုံစည်းခွင့်ကြုံတော့လည်း ချစ်ရသူအဖြစ်တဖုံ။
ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံချိန်မှာတော့ 'လွမ်းဂမုန်းအိမ်'တစ်ယောက်ဟာ မိန်းကလေးများထက်ပင် ပို၍မိန်းကလေးနှင့်တူနေသောအခါ.....
အတိတ်ကံကြမ္မာအရလည်း 'လွမ်းဂမုန်းအိမ်' နှင့် 'တိမ်တိုက်လွင်ပြင်'တို့ဟာ ပါဝင်ပတ်သက်နေသောအခါ....
အတိတ်ကံကြမ္မာကရော သူတို့နှစ်ဦးအပေါ် ဘယ်လိုအကျိုးသက်ရောက်လာနိုင်မှာလဲ.....
ဇာတ်အိမ်လေးကို စိတ်ဝင်စားရင် နေကြာငယ်ရဲ့ဆွဲခေါ်ရာနောက်ကို စိတ်ကူးရွက်လွှင့်ပေးကြဖို့ ဖိတ်ခေါ်ပါရစေရှင်
'လွမ်းဂမုံအိမ်' က နူနူညံ့ညံ့လေးနဲ့နွဲ့နွဲ့နှောင်းနှောင်းမို့ သဘောမကျရင်လည်း မဖတ်ရှူလို့ရပါတယ်....မြင်သာအောင်ပြောရရင် အပြင်ပန်းပုံပန်းသွင်ပြင်က မိန်းမဆန်နေပါလိမ့်မယ်နော်......
သဘောကျမှသာ ဆက်ဖတ်ပေးပါ.....💜
ချစ်တဲ့ နေကြာငယ်။🌻
#Zawgyi
ချစ်တဲ့ နေကြာငယ်။🌻
YOU ARE READING
တိမ်လွှာထက်မှ ဂမုန်းငယ်
Romanceမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်