#Unicode
"Hello....ဘွားဘွားမာမီ ဘာကိစ္စလဲ။"
"ဒီနေ့ နွန်းဂျာဆန်ရဲ့မွေးနေ့....သူသွားချင်တဲ့နေရာလိုက်ပို့ပေးလိုက်၊ လိုအပ်သမျှအကုန်စီစဉ်ပေးလိုက် ကြားလား။"
"ကျွန်တော့်သူ့ကို လက်မထပ်နိုင်ဘူးနော်။"
"ငါဘာပြောတာလဲ နားမလည်ဘူးလား ဟမ်!"
"ကြိုပြောထားတာ....."
"အပိုတွေမကြားချင်ဘူး။ ဘွားဘွားပြောတာကိုပဲ လိုက်နာစမ်းပါ။ မြေးလေးကို ဘွားဘွားကချစ်လွန်းလို့ စီစဉ်နေရတာ။"
"ထားပါတော့ဗျာ။ ဘွားဘွား ပြောချင်တာ ဒါပဲမလား။"
"အင်း ဟုတ်တယ်။ အဲ့မှာ အစစအရာရာအဆင်ပြေတယ်မှလား။"
"ပြေပါတယ် ဘွားဘွားမာမီ။"
"ဟုတ်ပြီ။ နောက်မှ ဖုန်းထပ်ဆက်လိုက်မယ်။"
"ဟုတ်ဟုတ်။ ကျန်းမာရေးဂရုစိုက်ဦး။"
"အေးအေး...."
ဖုန်းချပြီးမှ ပုလဲလုံးလေးဆီလှမ်းကြည့်တော့ လပ်တော့နှင့်မျက်လုံးကမခွာပေ။ လပ်တော့ကိုတောင် မနာလိုချင်လာပြီ။
"မောင့်ပုလဲလေးရေ.....လွမ်းလို့ လာပါဦး။"
"ဟင်....ဒီမှာ လုပ်လက်စကြီးမို့ ခဏနော်။"
"မောင့်ပုလဲက မောင့်ကို ပလစ်ထားတယ်ကွာ။ မောင် အားငယ်လိုက်တာ။"
မျက်လုံးဝိုင်းဝိုင်းကြည်ကြည်လေးတွေဖြင့် လှမ်းကြည့်ပြီးမှ လှုပ်တုတ်လှုပ်တုတ်ဖြင့် လျှောက်လာသည်။ ပေါင်ပေါ်ကို ပုတ်ပြလိုက်တော့ အသာ၀င်ထိုင်လာသည်။
"မောင်က သိပ်အကဲပိုတာပဲ။"
စကားပြန်မပြောသေးဘဲ ကော်လံအောက်မှလည်တိုင်ဖြူဖြူကိုသာ တရှုံ့ရှုံ့နမ်းရှိုက်နေတော့သည်။
"မောင် တော်တော့။ သူများတွေ တွေ့သွားမယ်။"
"ဘယ်သူကတွေ့မှာမို့လဲ။"
"ရုံးမှာကို ရှက်စရာကြီး ဖယ်တော့ဆို။"
"သဘော...."
တင်ပါးကို ခင်ဖွဖွဖိကိုင်ပြီးမှ ရှုံ့မဲ့ကာ ညည်းတွားလာပြန်သည်။
YOU ARE READING
တိမ်လွှာထက်မှ ဂမုန်းငယ်
Romanceမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်