#Unicode
'တိမ်တိုက်လွင်ပြင်'
ချစ်ရသူအတွက်ဆို တိမ်တိုက်တစ်ခုလိုမျိုး ဖြူစင်ပေးလိမ့်မယ်...အမှီအခိုကင်းစွာတည်ရှိလိမ့်မယ်....တိမ်တွေက ထွက်ပြေးတတ်တယ်လို့တော့မပြောနဲ့နော်....ချစ်ရသူကသူ့ကမ္ဘာမို့ ကမ္ဘာကြီးရဲ့အပြင်ဘက်ကိုတော့ တိမ်တိုက်ငယ်လေးက မကျော်လွန်နိုင်တာကို ခင်ဗျာတို့သိမှာပါ။
လွင်ပြင်တစ်ခုလိုပဲ ပြုမူလိမ့်မယ်....မင်းစိတ်ကြိုက်ပြုမူလို့ရမယ်၊မင်းကြိုက်ရာ ပြေးလွှာဆော့ကစားလို့ရတယ်၊ မင်းအတွက်လွတ်လပ်မှုတွေ၊ ပျော်ရွှင်ခြင်းတွေဖန်တီးပေးမယ်။ ငါက မင်းအတွက်လွင်ပြင်.....။
ဒါကြောင့် သူ့နာမည်က 'တိမ်တိုက်လွင်ပြင်'။
'လွမ်းဂမုန်းအိမ်'
ဂမုန်းပန်းပင်ရဲ့အဓိပ္ပါယ်ကို ခင်ဗျာတို့ သိကြလား....ဂမုန်းပင်လေးက ပြောတယ် 'မျှော်လင့်ချက်ကြီးကြီးနဲ့စောင့်မျှော်နေတဲ့ချစ်သူပါ' တဲ့လေ။
ဟုတ်ပါတယ်....သူကလေ သူ့ချစ်သူပြန်အလာကို မျှော်လင့်ချက်အကြီးကြီးကို ဆုပ်ကိုင်ပြီးစောင့်နေရှာတာ။ ဒါကြောင့်လည်း နေ့စဥ်ရက်ဆက် အလွမ်းတွေဝေလို့ပေါ့ကွယ်။ လွမ်းလေနေရတဲ့ဂမုန်းလေးပါ....
သူ့ချစ်သူပြန်အလာကို စောင့်နေရင်း 'အိမ်'လိုပဲပြုမူလိမ့်မယ်။ အိမ်ရှင်ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ထာဝရထိုနေရာမှာပဲ စောင့်ဆိုင်းနေခြင်းမျိုးပေါ့။ ပြန်လာခဲ့ရင်လည်း အေးချမ်းလှတဲ့အရိပ်အောက်မှာ ခိုလှုံခွင့်ပေးဦးမှာ....
ဒါကြောင့် သူ့နာမည်က 'လွမ်းဂမုန်းအိမ်'။
'လွမ်း'ပါနော် 'လွှမ်း'မဟုတ်ပါဘူး။ မှားတတ်လို့ပါရှင့်။ လွမ်းစွတ်တမ်းတနေရတာမျိုးပေါ့လေ....လွှမ်းမိုးနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်မဟုတ်ပါဘူးရှင့်။
Updateကတော့ ဒီလကုန်ခါနီးလောက်မှ Part-1 စတင်မယ်နော်....အခုက ဇာတ်လမ်းလေးလာမိတ်ဆက်တာပါ။ ဇာတ်အိမ်ရှိပြီးသားဆိုပေမယ့် အသေးစိတ်ကလေးပြန်စစ်ချင်သေးတာမို့ လကုန်ထိတော့အချိန်ခဏယူပါရစေရှင့်.....
ဇာတ်အိမ်လေးကို အကြမ်းဖျင်းအားဖြင့် သဘောကျကြရဲ့လားရှင့်💜
ချစ်တဲ့ နေကြာငယ်။🌻
#Zawgyi
'တိမ်တိုက်လွင်ပြင်'
'လွမ်းဂမုန်းအိမ်'
ချစ်တဲ့ နေကြာငယ်။🌻
KAMU SEDANG MEMBACA
တိမ်လွှာထက်မှ ဂမုန်းငယ်
Romansaမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်