#Unicode
"အသေးလေး....မောင့်ကို အင်္ကျီထုတ်ပေးဦးလေ။"
"ဟုတ်"
မင်္ဂလာဆွမ်းကျွေးဖိတ်ထားတာကြောင့် အလုပ်နားထားရသည်။ တော်ရုံတန်ရုံဆိုလျှင် အလုပ်ဖျက်ပြီး သွားလေ့သွားထမရှိပေမယ့် အခုကတော့ အထူးပုဂ္ဂိုလ်ဖြစ်နေတာမို့ သွားဖြစ်အောင်သွားရမည်လေ။
ဂမုန်းထုတ်ပေးထားသည့် အဖြူရောင်လည်ဂတုံးနှင့်ဆင်စွယ်ရောင်ပုဆိုးကို ရှုံ့တွတွဖြင့် ကြည့်ကာ......
"မောင့်ကို အမဲရောင်နဲ့လဲပေးပါလား။"
"မင်္ဂလာဆွမ်းကျွေးမှာ အမဲမ၀တ်သင့်ဘူးလေ။"
"မောင်မှ မကြိုက်တာ...."
"ဟင်....ဟုတ်လား။"
"မောင်လုံး၀မကြိုက်ဘူး။"
"ဒါဆိုလည်း လဲပေးမယ် တခြားအရောင်နဲ့။"
"အဲ့တာကြောင့် မောင့်ပုလဲလုံးလေးကို ချစ်နေရတာ။"
အပြာရောင်ဖြင့် ပြောင်းလဲထုတ်ပေးထားခဲ့ပြီး ကိုယ့်ဘာကို ပြင်ဆင်ရန် ရေချိုခန်းထဲသို့ ၀င်လာလိုက်သည်။ လဲ၀တ်ရမည့် အ၀တ်အစားကိုပါ တခါတည်းကိုင်လာခဲ့ရသည်။ မဟုတ်လျှင် တိမ်တိုက်ရှေ့မှာ အ၀တ်လဲနေရလိမ့်မည်။ ဂမုန်းစိတ်မှာ ထိုမျှလောက်မရဲတင်းပါ။
တိမ်တိုက်သည် သူ့၏ခံစားချက်တို့ကို ချွင်းချက်မရှိ ၀န်ခံထားပေမယ့် ဂမုန်းမှာတော့ လျှို့ဝှက်သိမ်းဆည်းထားရဆဲသာ ဖြစ်သည်။ ဖြစ်နိုင်လျှင် ထာ၀ရသိမ်းဆည်းထားချင်ပါသည်။
"အ၀တ်တွေကိုင်ပြီး ရေချိုးခန်းထဲဘာ၀င်လုပ်မလို့လဲ။"
"ဗိုက်ဆာလို့....."
".........."
ထိုသို့ရွဲ့ပြောပြီး အမြန်၀င်လာခဲ့တော့သည်။ မဟုတ်လျှင် စကားကြောရှည်နေပေဦးမည်လေ။
အချိန်လည်း သိပ်မလိုတော့တာမို့ ခပ်မြန်မြန်ချိုးပြီး အင်္ကျီပါ တခါတည်းလဲ၀တ်ခဲ့သည်။
"ဟင်.....အင်္ကျီဘာလို့"
"bossကို ကြောက်လို့!"
အမေးစကားမဆုံးခင် ဖြတ်ဖြေလိုက်သည့်အဖြေကြောင့် တိမ်တိုက်မှာ ကြောက်အမ်းသွားရသည်။ သူ့ဂုတ်သူလက်နဲ့ပွတ်ဆွဲနေရင်း.....
![](https://img.wattpad.com/cover/303672256-288-k427257.jpg)
YOU ARE READING
တိမ်လွှာထက်မှ ဂမုန်းငယ်
Romanceမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်