Part-5

2.6K 181 8
                                    

#Unicode

၇နှစ်ကြာပြီးနောက်.......

"Boss စံအိမ်ကို အရင်သွားမလား။ ကွန်ဒိုကိုပဲ ‌သွားမလား။"

"ကွန်ဒို...."

"ဟုတ်ကဲ့ဗျ..."

မန္တလေးလေဆိပ်မှာ ဖြစ်သည်။ အချိန်တွေကြာပြီးမှ ထိတွေ့ရသည့်မြန်မာပြည်၏လေထုသည် လတ်ဆတ်နေဆဲ။

အရင်လို ဆယ်ကျော်သက်တစ်ဦးတော့မဟုတ်တော့ပေ။ အသက်နှစ်ဆယ့်နှစ်နှစ်ပြည့်ခဲ့ပြီလေ။

အနက်ရောင်Suitရယ်၊leather shoesရယ်ကလည်း သားနားစွာ။ မော်ဒယ်မြင့်Mercedesကား၏အနောက်ခန်းမှာ တည်တင်းသောမျက်နှာထားနှင့် အမေးစကားဆိုလိုက်သည်။

"ငါစုံစမ်းခိုင်းထားတာ သိရပြီလား။"

"ဟုတ်ကဲ့ဗျ သားအဖနှစ်ယောက်ပဲနေကြတယ်။ သူ့အဖေကလောင်းကစားတော်တော်ကျူးတယ်ဗျ အဲ့တာကြောင့်စီးပွားပျက်ပြီး ဒီအခြေအနေရောက်သွားတာ....အကြွေးတွေလည်းဝိုင်းနေတယ်။ လွမ်းဂမုန်းအိမ်က အဝေးသင်နဲ့ဘွဲ့ယူထားတယ်ဗျ။ သူကပဲရှာကျွေးနေပုံပဲ....သူ့အ‌ဖေ သူ့ရဲ့ဖြစ်တည်မှုကို ရှုံ့ချ‌ရိုက်နှက်တတ်တယ်ဗျ။ ပြီးတော့ bossရဲ့အဖေက သူ့အနားမှာ လူလွှတ်ပြီး အစစအရာရာစောင့်ရှောက်ပေးထားတယ်ဗျ"

"အဲ့ကိစ္စကို သူသတိထားမိလား။"

"သတိထားမိပုံမပေါ်ဖူးဗျ...."

"အင်း....ကောင်းပြီ။ ဒါနဲ့ သူ့ဖြစ်တည်မှုဆိုတာ..."

"Bossဘေးမှာ ဖိုင်တွဲရှိတယ်ဗျ"

စိုင်းဝေယံရဲ့ဖြေသံအဆုံး၌ အနီရောင်ဖိုင်တွဲကို ဖွင့်ကြည့်လိုက်သည်။ လွမ်းဂမုန်းအိမ်၏အကြောင်းအရာတချို့နှင့်အတူ ဓာတ်ပုံတချို့။

ထိုပုံတွေကို ကြည့်လိုက်သည်နှင့် တပြိုင်နက် မျက်ခုံးများပင့်တက်သွားရသည်။

"ဒါဘယ်သူလဲ?"

"လွမ်းဂမုန်းအိမ်ပါ..."

"ဟမ်!"

တကယ့်ကြီးလား! မယုံကြည်နိုင်စွာဖြင့် ထပ်ကာထပ်ကာ ကြည့်နေမိသည်။

ပုလဲလုံးလေးက တကယ့်ကိုပဲ.........

"‌ဝေယံ"

"ခင်မျာ"

တိမ်လွှာထက်မှ ဂမုန်းငယ်Tempat cerita menjadi hidup. Temukan sekarang