Part-8

2.4K 173 16
                                    

#Unicode

"Boss.....lunchစားဖို့အတွက် VIPတစ်ယောက်နဲ့ appointmentယူထားတယ်။"

"ဒါဆိုလည်း သွားမယ်လေ..."

"ဟုတ်...."

မုန်းလည်း အခန်းအပြင်ထွက်လာပြီး ကိုဝေယံကို ကားအသင့်ပြင်ထားပေးရန် အသိသွားပေးရသည်။ ထို့နောက်မှ bossအခန်းထဲပြန်၀င်လာခဲ့သည်။

အချိန်ကနီးကပ်နေပြီးမို့ bossကိုလည်း တဖန်ထပ်ပြောရပြန်သည်။

"Boss အချိန်နီးနေပြီ မသွားသေးဘူးလားဟင်"

"မနက်ဖြန်casting၀င်ရမယ့်formတွေ စစ်နေလို့ အသေးလေးရဲ့။ ခဏလေးပါ.....ပြီးတော့မှာ"

"ဟုတ်"

Bossသည် သူ့အား 'အသေးလေး'ဟု ခေါ်မည်ဟု တောင်းဆိုထားပြန်တော့လည်း မငြင်းမိပါ။ အနည်းဆုံးတော့ ဟိုးအရင်က အမှတ်တရလေးတွေ ပြန်တွေးကြည့်လို့ရတာပေါ့လေ.........

ဘယ်လိုမှ အပ်စပ်မှုမရှိတဲ့သူတို့နှစ်ဦး၏ဘဝအခြေအနေတွေကြောင့် သည်အခြေအနေလေးနဲ့ပဲ သူကျေနပ်ရပါသည်။ အနည်းဆုံးတော့ bossအနားမှာ ရှိနေတာပဲ မဟုတ်လား။

အတွေးတွေနယ်ချဲ့နေမိတာကြောင့် bossအရှေ့မှာ အတောင့်လိုက်လေး ရပ်နေမိပြန်တော့....

"အသေးလေး ဘာကြောင်ကြည့်နေတာလဲ!"

"ဟင့်အင်း!"

"သည်ကလေး ကြောင်တောင်တောင်နဲ့!"

"ကလေးမဟုတ်ပါဘူး....မုန်းက bossထက်အသက်ကြီးတယ်!"

"1နှစ်တည်းကိုများ!"

"ဟင်.....boss မုန်းရဲ့အသက်ကို ဘယ်လိုသိတာလဲ!"

"အာ.....အဲ့တာက CV formထဲမှာကြည့်လိုက်တာ"

"ဪ......"

"ပြီးပြီ သွားကြစို့!"

"ဟုတ်"

"ရော့...."

"ဘာလဲဟင် boss"

"Bank cardလေ..."

"သိတယ်လေ...ဘာလုပ်ဖို့ မုန်းကိုပေးတာလဲလို့"

"အခုကစပြီး အသေးလေးကို မောင့်ရဲ့အိမ်ထောင်ထိန်းတာ၀န်ပါပေးအပ်လိုက်ပြီ"

"ဟင်....မောင်"

"အသေးလေးပဲ မောင်က ငယ်တာဆို! ဒါကြောင့်ပါ"

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now