Part-14

2K 143 5
                                    

#Unicode

      *** 'Mature Content' Alert!***

"အချစ်ရေ....အဆင်သင့်ပြင်ထားတော့ကွာ။ ဒီနေ့က တင်းဂွေးနေ့နော် ဟင်းဟင်း။"

"လာပြီလို့ မောင်ရဲ့။ တအားလောတာပဲ။"

'လုပ်ချင်တာလုပ်' ဆိုပြီး ခွင့်ပြုခဲ့သည့်တိုင်အောင် တိမ်တိုက်ကတော့ တနေကုန် dateမည်ဟုသာ ပြောလာသည်။ အခုလည်းကြည့်ဦး....မနက်ရှစ်နာရီကျော်ပဲ ရှိသေးသည်ကို လောနေပြန်ပြီ။

ဘာတွေကြိတ်ကြံနေသလဲတော့ မသိပါချေ။

'Date'ဆိုသည့်ခေါင်းစဉ်အောက်မှ အတူတူသွားရမည်ဖြစ်သာကြောင့် အနည်းငယ်တော့ ရင်ခုန်နေမိသည်။

ဒူးအထက်စကပ်အဖြူရောင်လေး နှင့် ပေါ့ပေါ့ပါးပါးအင်္ကျီလက်ရှည်တထည်ကို စကပ်ထဲထိုးထည့်၍ ၀တ်ဆင်ထား၏။ ငွေရောင်ဆံနွယ်တို့သည်လည်း ဆံထုံးအသွင်ပြောင်းကာ ကပိုကရိုလေး ထုံးဖွဲ့ထား၏။

မျက်နှာလေးကတော့ ပကတိအတိုင်း ကြည်လင်နေသည်။ ပုံမှန်ရုံးသွားသည့်အခါဆို မိတ်ကပ်ပါးပါး လိမ်းခြယ်‌တတ်ပေမယ့် ဒီနေ့တော့ ဘာမှလိမ်းခြယ်မထားပေ။ သဘာ၀အတိုင်း ရိုးရိုးရှင်းရှင်းလေးသား။

ဖြူ၀င်းအိစက်နေသည့်အသားအရည်လေးရယ်၊ သွေးကြောစိမ်းများယက်ပြေးနေသည့်ပါးမို့မို့လေးရယ်၊ ပန်းနုရောင်သန်းနေသည့်နှုတ်ခမ်းဖောင်းလေးရယ်ကြောင့် နဂိုအတိုင်းပင် ထင်းလှနေသည်။

"ရပြီ....သွားစို့။"

"လှတယ်။"

"ဟင်!"

မောင်က သူ့ကို 'လှတယ်'တဲ့။ ခါတိုင်း ဒူးအထက်ထိတိုသည့်စကပ်ဖြင့် အပြင်သွားမည်ဆိုလိုက်လျှင် အသည်းအသန်ငြင်းဆန်တတ်သူက အခုတော့အသာတကြည်ပင်။

တစ်ခုခုတော့ ထူးဆန်းနေပြီ။

"မောင့်ပုလဲလေး...ဘာစားမလဲ။"

"မုန့်တီစားချင်တယ်။"

"စိုးစိုး သွားလိုက်မယ်။"

"ဟုတ်..."

ကားတံခါးကို ဖွင့်ပေးတာတောင်မစောင့်ဘဲ ကိုယ်ဘာကိုဖွင့်ဝင်သွားသည့်ပုလဲလုံးလေးကြောင့် ခေါင်းမတိုက်မိစေရန် လက်ဖြင့်အမြန်ကာပေးရသည်။

တိမ်လွှာထက်မှ ဂမုန်းငယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ