Part-11

2.3K 137 8
                                    

#Unicode

             ***Mature Content***

"လွမ်းဂမုန်းအိမ်!!!!"

"ဟင့် ငါ့ကိုမအော်ပါနဲ့။"

တိမ်တိုက်သည် ထိုအသံလေးကြောင့် စိတ်တိုနေရင်း တန်းလန်းရပ်သွားရသည်။

"ဟို......မောင် နည်းနည်း စိတ်လွတ်သွားလို့ပါ အချစ်ရယ်။"

"ကတိမတည်ဘူး။"

"မောင်လား....."

‌သူ့ရင်ဘတ်သူ လက်ညှိုးညွှန်ပြကာ မေးနေသူကြောင့် မျက်နှာသေဖြင့် စိုက်ကြည့်ပေးလိုက်သည်။

"မောင်က ကတိတည်တဲ့လူစားမျိုးပါ မောင့်အဖြူလုံးရဲ့။"

"ငါ့ကို မအော်ဘူးဆို! ကြည့်ကြည့် အခုကို အော်ချင်နေပြီ။"

"ဟာ.....အဲ့လိုမဟုတ်ဘူးလေ"

"ထားပါလေ....ငါက အလုပ်သမားပဲဟာကို bossစကားကို နာထောင်ရမှာပေါ့လေ နော်"

'နော်'ဆိုပြီး မော့ငေါ်လျက် လှမ်းမေးသည့်ဟန်ပန်လေးနဲ့မို့ တိမ်တိုက်လည်း ယောင်နနဖြင့် ခေါင်းငြိမ့်ပြီးမှ......

"ဟင့်အင်း.....မဟုတ်သေးပါဘူး။ မောင်က အချစ်ရဲ့ယောက်ျားချစ်သူလေ။ အလုပ်ရှင်မှ မဟုတ်တာ။"

"ထားပါဆို.....အ၀တ်ပဲ သွားလဲတော့မယ်။"

ထိုသို့ပြောပြီး ကော့တော့ကော့တော့ဖြင့် လှည့်ထွက်သွားပြန်သည်။ စကတ်တိုတိုလေးအောက်မှ အိစိအိစိလေးကို လှမ်းကြည့်ရင်း တံတွေးမြိုချရပြန်သည်။

"Give and take လုပ်မလား မောင့်အချစ်!"

"ဘာလဲ..."

အခန်း၀မှ ခြေလှမ်းတို့ တုန့်ဆိုင်းသွားပြီး တိမ်တိုက်၏အဖြေကို နားထောင်နေ၏။

"ဒီတညတော့ မောင့်ကို bossလို့မခေါ်ဘဲ မောင်လို့ခေါ်။ ဒါဆို ဒီအတိုင်းလိုက်ခွင့်ပေးမယ်။"

စဉ်းစားနေဟန်ဖြင့် ငြိမ်သက်သွားကာ ခဏကြာမှ ခေါင်းလေးလှုပ်တုတ်လှုပ်တုတ်ဖြင့် ငြိမ့်ရင်း.....

"သဘောတူတယ်။"

"အခုစခေါ်လိုက်တော့!"

"အင် မောင်...."

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now