Part-1

5.2K 277 16
                                    

#Unicode

"မြန်မြန်လုပ်ကြပါ.....ငါ့မြေးလေး ပထမဆုံးကျောင်းသွားရမယ့်နေ့မှာ နောက်ကျနေလိမ့်မယ်"

"လာပါပြီဗျာ....မာမီကလည်း လောလိုက်တာ!"

"ခိုင်မြဲလွင်ပြင်! နင့်သားကျောင်းနောက်ကျမှာဆိုးလို့ပြောနေတာဟဲ့!"

"ကျစ်! သိပါပြီဆို!"

ဒေါ်ဂုဏ်တင့်သူ နှင့် ခိုင်မြဲလွင်ပြင်။ တိမ်တိုက်လွင်ပြင်လေးရဲ့ အဖေဖြစ်သူနဲ့အဘွားဖြစ်သူ။ သားအမိနှစ်ယောက်သားက တစက်မှမတည့်ကြ၊ မျက်နှာချင်းဆိုင်လိုက်တာနဲ့ရန်ထဖြစ်ကြရော။

"မောင်ရေ..."

"ဗျာ....ကိုယ့်သိုလေး"

"မောင့်သားက သိပ်ပဲများတာပဲ....မှန်အရှေ့ကကိုမခွာဘူး။ ကျောင်းသွားမှာလား....Showပွဲသွားမှာလားတောင်မသိတော့ဘူး။"

"ဟင်....ဟုတ်လား ဒီကောင်ကတော့! မောင်သွားခေါ်လိုက်မယ်"

"ဟုတ် မောင်"

'စောင်းသိုသို'ကတော့ တိမ်တိုက်ရဲ့ပါးပါး၊ ခိုင်မြဲလွင်ပြင်ရဲ့အသည်းအသက်လေးရယ်ပါ။

သားဖြစ်သူကို ခေါ်ရန်အပေါ်ထပ်မှအခန်းထဲဝင်လိုက်ချိန် မောင်တိမ်တိုက်လွင်ပြင်တစ်ယောက်ကတော့ မှန်ထဲကို ဝင်မတက် နောက်လှည့်ကြည့်လိုက်၊ရှေ့လှည့်ကြည့်လိုက်နဲ့ပင်။

ဘယ်သူနဲ့တူလို့များ အဲ့ဒီလောက်ပဲများနေရတာလဲ!

"ဟေ့ကောင်...."

"ဘာယဲ!"

5နှစ်ပဲရှိသေးတာမို့ အသံကတော့ မပီမပြင်လေး!

"သွားစို့! ကျောင်းနောက်ကျလိမ့်မယ်"

"သွားနှင့်လို့! နောက်ကလိုက်ခဲ့ပါမယ်ချို"

"ဟ! အဲ့လိုပြောတာ ဘယ်နှကြိမ်ရှိပြီလဲ....မှန်ရှေ့ကကို မခွာဘူး ငါ့လိုချောတာလည်းမဟုတ်ဘဲနဲ့။"

"ဟွန့်! ဖေဖေယဲ ပဲများတယ်....ပါးပါးကို လိုက်တုန်းက ရေမွှေးတွေအများကြီးစွတ်သွားတာပဲကို!"

"ဟမ်!"

"မဟုတ်ရို့ယား..."

"မင်းကမင်း ငါကငါ.....အခုကကျောင်းသွားမှာလေ မင်းရဲ့ချစ်သူကို သွားတွေ့မှာမှမဟုတ်တာ။"

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now