Part-4

2.6K 168 2
                                    

#Unicode

ဂမုန်း၏လက်သီးချက်သည် တိမ်တိုက်၏ပါးပြင်ထက်သို့ ကျရောက်သွားသဖြင့် တိမ်တိုက်မှာလည်း အကြောင်သားရယ်။ မယုံသလိုဖြင့် မျက်လှန်ကြည့်နေမိသည်။

"ခင်များလေး ဒါဘာလုပ်တာလဲ!"

"မြင်တဲ့အတိုင်းပဲ!"

"ခင်များလေးဗျာ....ကိုယ့်ရှေ့က ထွက်သွားလိုက်တော့"

"ဟွန့်!"

နှုတ်ခမ်းကိုမဲ့ပြီး ခြေထောင့်ဆောင့်ကာ ထွက်သွားသည့်ပုလဲလုံးလေးကို ကြည့်ပြီး ခေါင်းခါရမ်းလိုက်မိသည်။

ကိုယ့်အသားနာအောင်လုပ်ဖို့မဆိုနှင့် လာထိရင်တောင် လူသတ်ချင်စိတ်ပေါက်တတ်သည့်တိမ်တိုက်လွင်ပြင်သည် ယခုတော့ ဘယ်လိုမှမနေ။ သည်ပုလဲလုံးလေးအပေါ်မှာ သူရဲ့ခံစားချက်တွေပုံမှန်မဟုတ်တော့တာကိုတော့ ရိပ်စားမိပါသည်။ သို့သော်..........

အခန်းထဲပြန်ရောက်တော့လည်း အ‌ခြေအနေတွေက ပုံမှန်ပါပဲ။ ပုလဲလုံးလေးက မလှုပ်မယက်ဖြင့် ပုံ့ပုံ့လေးထိုင်နေ၏။ အဝေးကလှမ်းကြည့်တာတောင် အောက်နှုတ်ခမ်းမှာ သွေးစစို့နေလေသည်။ ပေါက်သွားတာများလား....။

"အသေးလေး..."

"....."

ဘာမှပြန်မပြောသလို၊လှည့်လည်းမကြည့်။

"အသေးလေး ကိုယ်ခေါ်နေတယ်လေ"

"......."

"ကိုယ့်အနမ်းတွေနဲ့မှ ပါးစပ်ဖွင့်မှာလား"

"ဘာဖြစ်ချင်နေတာလဲ"

"နာလား..."

"ဘာလဲ"

"နှုတ်ခမ်း..."

"မင်း! "

ရုတ်ချည်း ပြောင်းလဲကာ မျက်နှာတပြင်လုံးနီစွေးလာသည်။ ဒါတင်မက ရှူးရှူးရှဲရှဲနဲ့ နှုတ်ခမ်းလေးကလည်း ပွစိပွစိဖြင့်။

"အဟက်! သွေးထွက်နေလို့ နာလားမေးတာ"

"ဟင်!"

သူ့နှုတ်ခမ်းသူ ကိုယ်ကြည့်ပြီး မျက်နှာနုနုလေးက ရှုံ့တွသွား၏။

"စပ်နေပြီမလား..."

"မင်းမကောင်းလို့!"

"အင်း....ကိုယ်မကောင်းတာ။ ပထမဆုံးအနမ်းကို မရရင်တောင် ပထမဆုံးဒဏ်ရာပေးတဲ့သူတော့ ဖြစ်သွားတာပေါ့....."

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now