#Unicode
"အ့ ကျွတ် ကျွတ်!"
အောက်ပိုင်းတနေရာမှစပ်ဖျင်းဖျင်း ဖြစ်နေပြီး နောက်ကျောဘက်တလျှောက်ကလည်း ကိုက်ခဲနေသည်။ မျက်လုံးကလည်း အားမပြည့်သေးသယောင်ဖြင့် အိပ်ချင်နေဆဲ။ လှုပ်ရှားကြည့်သော်လည်း တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခံထားရတာမို့ မျက်လုံးတဖက်ပြူးကြည့်လိုက်မိသည်။
ရင်ဘတ်ဗလာနှင့်တိမ်တိုက်ကို မျက်နှာချင်းဆိုင်မိနေသည့်ဂမုန်း။
မျက်လုံးနှစ်ဖက်လုံးပြူးသွားလျက် မနေ့ညကအဖြစ်အပျက်တွေက ခေါင်းထဲသို့ အစီအရီ၀င်ရောက်လာသည်။
သူ.....မောင့်ကို......မြူစွယ်မိသွားတာလား......!!
ဟင့်အင်း.......မုန်း မရည်ရွယ်ဘူးနော်!
ယုံတယ်မို့လား!
စိတ်ထဲကနေ တောင်စဉ်ရေမရတွေ လျှောက်တွေးကာ ပြောနေမိသည်။
ကြွက်သားတွေပြည့်နေသည့်လက်မောင်းကို ခေါင်းအုံးထားရင်း နောက်လက်တဖက်ကတော့ ဂမုန်း၏ခါးပေါ်မှာ ရစ်ပတ်ထား၏။ ဂမုန်းလည်း ထိုလက်မောင်းကို လက်ညှိုးဖြင့် တို့တို့ကြည့်နေမိပြီးနောက် လက်ငါးချောင်းဖြင့် ညုစ်လိုက်သည်။ မာတောင့်တောင့်ဖြင့် ကိုင်လို့ကောင်းလှသည်။ ဂမုန်းရဲ့လက်မောင်းကိုတဖန်ကိုင်ကြည့်တော့ ပျော့စိစိဖြင့်။
မျက်နှာအပ်ထားရသည့်ရင်ဘတ်မှာလည်း တက်တူးတွေပြည့်နေသည်။ ရင်ဘတ်ပေါ်မှဂမုန်းပင်ငယ်လေးကို ကိုင်ကြည့်လိုက်သေးသည်။
သူမနေ့ညက ဒီနေရာကို အကြိမ်ကြိမ်ကိုင်ခဲ့တာကြောင့်ထင်ပါရဲ့။ ရင်ဘတ်နှစ်ခုအပေါ်မှအရာနှစ်ခုကရဲနေသည်။
"အသေးလေးကကွာ.....မောင့်ချိုချိုကို သိပ်ကြိုက်တာပဲလားဟင်။ ဒါကိုပဲ နှိုက်နှိုက်မြည်းနေတော့တာပဲ။"
"ဟင်!"
အိပ်နေသည်အထင်ဖြင့် လုပ်ချင်ရာလုပ်နေမိရာမှ ရုတ်တရက်ကြားလိုက်ရသည့်အသံကြောင့် လန့်ပြီး တွန်းထုတ်ကာ ကုတင်အောက်သို့ လှိမ့်ဆင်းလိုက်မိသည်။
"အ့!"
ကိုယ့်အရှိန်နဲ့ကို မထိန်းနိုင်ဘဲ တလှိမ့်လှိမ်ပြီး ကုတင်အောက်သို့ ပြုတ်ကျသွားသည်။ ဖင်ထိုင်ရက်သား ပြုတ်ကျသွားတာမို့ ကျောရိုးတလျှောက်အောင့်တက်သွားပြီး မျက်နှာမှာလည်း ရှုံးမဲ့သွားရသည်။
YOU ARE READING
တိမ်လွှာထက်မှ ဂမုန်းငယ်
Romanceမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်