Part-7

2.6K 164 6
                                    

#Unicode

"ဘယ်လိုလဲ သဘောတူလား"

"......."

"သဘောမတူချင်လည်းရတယ်နော်"

"လာလုပ်ပေးပါ့မယ်....အချိန်ကရော"

"6လပဲ လာနေရုံပဲ"

"ဟုတ်"

"လာလိုက်ခဲ့တော့!"

"ဟင် အခု!"

"အင်းလေ...."

"ပစ္စည်းတွေ အိမ်မှာယူရဦးမှာလေ"

"ကိုယ့်အိမ်မှာအစုံရှိတယ်"

"အင်္ကျီရောလေ"

"ကိုယ့်ဟာ ၀တ်"

"ဟင့်အင်း"

"စကားများတယ်ကွာ....လိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့"

"ဖေဖေကို ပြောရမှာ...."

"လူလွှတ်ပြီး ပြောခိုင်းလိုက်မယ်"

"ဘာပြောခိုင်းမှာလဲဟင်"

"လွမ်းဂမုန်းအိမ် ယောက်ျားနောက်လိုက်သွားပြီလို့လေ"

"ဟင်!"

မျက်လုံးပြူးခနဲထွက်လာပြီး လက်လေးနှစ်ဖက်ထုတ်ကာ အသည်းအသန် ဝှေ့ယမ်းပြီးငြင်းနေပြန်သည်။

"ဟင့်အင်း ဟင့်အင်း ဖေဖေ ဒေါသထွက်လိမ့်မယ်!"

"အဟက်! စနေတာပါကွာ အလုပ်ကိစ္စနဲ့ခရီးထွက်ရမှာလို့ ပြောလိုက်မယ်"

"ဟုတ်"

"သည်မှာ စောင့်နေ ကားသွားယူလိုက်ဦးမယ်။"

"ဟုတ်ဟုတ်"

ဂမုန်းလည်း ပြုံးပြကာ ထွက်သွားသည့်ကျောပြင်ကျယ်ကြီးကို စိုက်ကြည့်နေမိသည်။

ငယ်ငယ်တုန်းက ကိုယ့်အနားဇွတ်ကပ်သည့်ကောင်လေးက ကိုယ့်ရဲ့Bossဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ။

တကယ်တော့ တိမ်တိုက်က ဂမုန်းထက်အသက်ငယ်သည်။ တစ်နှစ်ကျော် နှစ်,နှစ်နီးနီးငယ်သည်။ ဂမုန်းက တစ်နှစ်အောက်ခဲ့လိုသာ အတန်းတူသူငယ်ချင်းဖြစ်သွားရခြင်း။

သည်ကောင်လေး၏တဇွတ်ထိုးဆန်သည့်အကျင့်တွေက ယခုထိတိုင်ပျောက်ကွယ်မသွားသေးချေ။

Mecedeအနက်ရောင်လေးက ကျွီခနဲ ကိုယ့်ရှေ့တည့်တည့်သို့ ရပ်လာသည်။ ထို့နောက်ကားမှန်ဖွင့်၍......

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now