#Unicode
"သူတို့က ဘယ်သူတွေလဲ။"
"သူတို့က မုန်းရဲ့အိပ်မက်ထဲကလူတွေ။ ငယ်ငယ်တုန်းက ထပ်ခါထပ်ခါ မက်ပေမယ့် အခုနောက်ပိုင်းမမက်တော့ဘူး။"
"မောင်ရောပဲ.....မောင်တို့နဲ့အဲ့ဒီအိပ်မက်က ဘယ်လိုပတ်သက်နေတာလဲ။"
"ဟင့်အင်း မုန်းမသိဘူး။"
•••••••••••••••••••••••••••••••••••••
"ကျုပ် သဘောမတူဘူး။ ဂိုဏ်းတခုထဲကို ၀င်ပြီး သစ္စာခံရတာ ကျုပ်ဝါသနာမဟုတ်ဘူး။ ကျုပ်က လေလွင့်ရတာကို ကြိုက်တယ်။ သစ္စာရှိရတာကို မုန်းတယ်။"
စိုင်းဝေယံလည်း သူ့အရှေ့မှကောင်လေးကို သေချာစိုက်ကြည့်နေမိသည်။ မျက်၀န်းတစုံသည် ပြတ်သား၊စူးရဲနေသည်။ ဒီလိုကောင်လေးမျိုးကို အမှန်တကယ် လိုချင်သည်။ ဂိုဏ်းအတွက် အကျိုးရှိမည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် အခွင့်အရေးတွေပေးခဲ့တာကိုတောင် ကောင်လေးကညည်းဆိုခဲ့သည်။
"ဟင်း....မင်းသဘော။ တကယ်လို့ ပူးပေါင်းချင်တယ်ဆို အချိန်မရွေးဆက်သွယ်လိုက်။"
" အိုကေ!"
"မင်းနဲ့လွမ်းဂမုန်းအိမ် ဘယ်လိုပတ်သက်လဲ။"
"အဟက်! သိသွားပြီလား။"
မိုက်ခ်၏အမေးစကားကို မဖြေဘဲ စိုက်ကြည့်နေလိုက်သည်။ အတန်ကြာတော့ မိုက်ခ်က မဲ့ပြုံးပြုံးရင်း ဆက်ပြောလာသည်။
"ကျုပ်ချစ်သူရဲ့ညီလေး......"
"မင်းရဲ့ချစ်သူ!"
စိုင်းဝေယံ ထပ်၍ အံ့ဩသွားရချေသည်။ သူစုံစမ်းထားသည့်ထဲမှာ မိုက်ခ်သည်ချစ်သူမရှိပါချေ။ လွမ်းဂမုန်းအိမ်ရဲ့အစ်ကိုကလည်း ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တာမဟုတ်ဘူးလား။ တ၀မ်းကွဲအစ်မတွေရှိတာလား။
"အင်း....လွမ်းရတုအိမ်တဲ့။"
"ဟမ်!"
ဒါဆို လွမ်းဂမုန်းအိမ်ရဲ့အစ်ကိုပဲ။
"သူက ဘယ်မှာလဲ။"
"အဲ့တာ ခင်များနဲ့မဆိုင်ပါဘူး။"
ဒီကောင်လေးမှာချစ်သူရှိတယ်ဆိုမှ စိတ်ထဲ အောင့်သက်သက် ခံစားလာရသည်။ အဓိပ္ပာယ်မရှိလိုက်တာ....သူ့ဘာသာချစ်သူရှိရှိမရှိရှိပေါ့။ ငါနဲ့မှမဆိုင်တာ။

ESTÁS LEYENDO
တိမ်လွှာထက်မှ ဂမုန်းငယ်
Romanceမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်