Part-9

2.4K 155 7
                                    

#Unicode

"အသေးလေး..."

"......."

ပါးပါးတို့အိမ်ကအပြန်ကတည်းက စကားတခွန်းမှမဟတော့ချေ။ ကားပေါ်မှာလည်း ဘေးတခြမ်းစောင်းပြီး တိမ်တိုက်ဘက်ကို လုံး၀လှည့်မကြည့်။

အခုလည်း ကွန်ဒိုပြန်ရောက်ကတည်းက ဆိုဖာပေါ် laptopတင်ပြီး ကြမ်းပြင်ပေါ်တင်ပျဉ်ခွေထိုင်ကာ အလုပ်ကိုသာ ဖိလုပ်နေသည်။ တိမ်တိုက်ကို တချက်ပင်လှည့်မကြည့်ချေ။

ငယ်ငယ်ကအကြောင်းတွေကို ကြိုမပြောထားလို့များ စိတ်ဆိုးသွားသလား။

"မောင် တောင်းပန်ပါတယ်နော်"

"........."

"မောင့်ပုလဲလုံးလေးကလည်း မောင့်ကို ကြည့်ပါဦး။"

"........."

တောက်လျှောက်လိုက်ပြီး စကားပြောနေပေမယ့် လျစ်လျူရှူခြင်းခံထားရသည်မို့ အနည်းငယ် အူယားလာသည်။

တင်ပျဉ်ခွေထားသည့်ကိုယ်လုံးလုံးလေးကို ပွေ့လိုက်ပြီး လေပေါ်မြောက်စေကာ တိမ်တိုက်ကကြမ်းပြင်ပေါ်၀င်ထိုင်ပြီး ဂျစ်တစ်တစ်အဖြူလုံးလေးကို ပေါင်ပေါ်သို့ တင်ပေးလိုက်သည်။

ပိန်သွယ်‌သောခန္ဓာကိုယ်လေးသည် တိမ်တိုက်၏ရင်ခွင်ထဲ၌ အံ့၀င်ခွင်ကျရှိနေသည်။ ဘေးသို့ စောင်းကြည့်ရင်း မျက်စောင်းလှလှလေးတစ်ချက်ထိုးပြီးမှ....

"ဘာလုပ်တာလဲ လွှတ်!"

တိမ်တိုက်၏လက်နှစ်ဖက်သည် ခါးသွယ်သွယ်ကို နွယ်ပင်များပမာ တွယ်ရစ်ထားတာမို့ ရုန်းနေသော်လည်း အချည်းနှီးသား။

"မောင့်အဖြူလုံးလေးက စကားပြောတတ်သေးတာပဲ..."

"စောက်ရေးမပါတာတွေ ပြောမနေနဲ့ အခုလွှတ်!"

"ဘာကိုစိတ်ကောက်နေတာလဲ မောင့်ကိုပြောပြ..."

"မကောက်ဘူး ဖယ်လို့ ပြောနေတယ်နော်!"

"မရုန်းပါနဲ့ဆိုကွာ.....မောင့်ကို စကားမပြောဘဲ ပစ်ထားတော့ ၀မ်းနည်းတာပေါ့ အချစ်ရဲ့!"

"တိမ်တိုက်လွင်ပြင်....ငါ့စိတ်ကို မဆွနဲ့နော်!"

"အဟက်....မောင့်အချစ်က တကယ်စွာတာပဲ...."

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now