#Unicode
"အချစ်ရေ....မောင် ပြန်လာပြီ။"
အရှေ့မှာ အသံအကျယ်ကြီးဖြင့် အော်ခေါ်နေသော မောင့်ကြောင့် ရေတခွက်အမြန်ခပ်ပေးပြီး အိမ်ရှေ့ထွက်လာလိုက်တော့ သူကဆိုဖာပေါ်တောင်ရောက်နေချေပြီ။
"အချစ်ရေ....လာပါဦး။" ဆိုပြီး သူ့ပေါင်ကို ပုတ်ပြနေသည်။ သဘောက သူ့ပေါင်ပေါ်ကို လာထိုင်ပါပေါ့။
အသာလေးကပ်သွားပြီး မတ်တပ်ရပ်လျက် ရေခွက်ကို ရှေ့တိုးပေးလိုက်တော့လည်း ယူသောက်နေသည်။
"ဟား.....အေးနေတာပဲ။ အချစ်ရဲ့မေတ္တာရေစဉ်တွေမို့ ထင်တယ်။ မောင့်အချစ်က သိပ်သိတတ်တာပဲ။"
"ဟွန့်! အပိုတွေ!"
"လာ မောင့်ဆီ!" ဟု ဆိုကာ လက်ကောက်၀တ်မှ ဆွဲယူ၍ ပေါင်ပေါ်ကို တင်ပေးလိုက်သည်။ ခါးကျဉ်းကျဉ်းလေးကို ဖက်ထားရင်း ဂုတ်ပိုးထက်ကို နမ်းရှိုက်နေသေးသည်။
"ဟင်း.....ကလေးနံ့လေး မွှေးနေတာပဲ။"
ဂုတ်ပိုးကို တတိတိကိုက်ရင်း ခါးကနေဆွဲကိုင်ကာ မျက်နှာချင်းဆိုင်အနေအထားသို့ ပြောင်းလိုက်ပြန်သည်။
ပေါင်ပေါ်မှာ ကာယားလေးဖြင့် ဆိုဖာပေါ်သို့ ခြေထောက်နှစ်ဖက်တင်ထားရင်း မောင့်ကို ခွလျက်အနေအထားဖြစ်သွားရသည်။
လက်ကြီးနှစ်ဖက်ကလည်း ထုံစံအတိုင်း ဘောင်းဘီတို၏အပေါ်မှ တင်လုံးလုံးလေးကို ညှစ်နေပြန်သည်။
"ဟင့် မောင် မလုပ်နဲ့။"
ဂရုမစိုက်ဟန်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်နေပြန်သည်။ ထို့နောက် ဘောင်းဘီတိုအစလေးအောက် တိုး၀င်ပြီး တဖန်ဖျစ်လာပြန်သည်။ ဘောင်းဘီတောင် မခြားတော့တာမို့ ဂမုန်းလည်း အနေကြပ်လာသည်။
"မောင် အ့ မလုပ်နဲ့လို့ ဟင်း...."
"ဖုန်းဆက်ပြီး စိတ်ကြွလာအောင်လုပ်တာ ဘယ်သူလဲ ဟမ်"
ထိုသို့ မေးရင်း ဖြန်းခနဲ တင်ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်တာကြောင့် လက်ရာကြီးအထင်းသားပေါ်လာပြီး နီရဲလာသည်။
"ဘာလုပ်လို့လဲ ဟင့်။"
"'မောင့်ကို ချစ်တယ်' ဆို!"

YOU ARE READING
တိမ်လွှာထက်မှ ဂမုန်းငယ်
Romanceမင်းက ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဂမုန်း..... #တိမ်တိုက်လွင်ပြင် ဂမုန်းက အများကြီးလွမ်းပြီး မျှော်နေခဲ့တာ...... #လွမ်းဂမုန်းအိမ်