Part-6

2.6K 181 11
                                    

#unicode

"ဝေယံ လာဦး"

တိမ်တိုက်၏ခေါ်သံက ကြိုးဖုန်းထဲမှ ထွက်ပေါ်လာတာကြောင့် ရုံးခန်းထဲသို့ အမြန်ပြေး၀င်လိုက်သည်။

"ရောက်ပါပြီ Boss"

"ပုလဲလုံးလေး မလာသေးဘူးလား။"

"အကိုလေးကိုမေး‌တာလား"

"အေး"

"မလာသေးဘူး Boss"

"ငါစောင့်နေတာဖြင့် ကြာလှနေပြီ"

"အခုမှ မနက်ခုနှစ်နာရီပဲ ရှိသေးတာလေ..."

"လျှာမရှည်နဲ့ သွားသွား ငါ့မျက်စိရှေ့က ထွက်သွား ပုလဲလုံးလေး လာရင်သာ ချက်ချင်းခေါ်ခဲ့!"

"Yes boss!"

ဒီကောင် စောက်ပိုတွေ လုပ်လွန်းတယ်။ မနက်ငါးနာရီကတည်းက ရုံးလာပြီး ထိုင်စောင့်နေပြီးတော့ ဘယ်သူက သည်အချိန်အလုပ်လာလျှောက်မှာတုန်းလို့။ ငါပါ အိပ်ရေးပျက်ရတယ်....မအေလိုးရဲ့!

ငါ့နှယ်...ဒီကောင့်ဆီမှာ အလုပ်လုပ်မိတာ စောက်ရမ်းမှားတယ်!

စိုင်းဝေယံ နှင့် တိမ်တိုက်လွင်ပြင်သည် UKမှာကျောင်းတက်တုန်းကတည်းက ခင်သည့် သူငယ်ချင်းတွေဖြစ်သည်။ နှစ်ယောက်လုံးက ဆိုးချင်တိုင်းဆိုး၊ကဲချင်တိုင်းကဲသော ဆိုးဖော်ဆိုးဖက်များသာ။

သည်မြန်မာနိုင်ငံကို ပြန်မလာခင် တစ်လ အလိုလောက်က Clubတစ်ခုတွင် ဝေယံဆေးသုံးနေတုန်း Irisတို့အုပ်စုက လာနှောက်ယှက်ကြတာကြောင့် ဒေါသပုံထကာ အသေအကြေကျွေးမွေးလိုက်သောကြောင့် သူတို့အဖွဲ့တွေ တော်တော်ဗိုက်၀သွားကြသည်။

(အနောက်နိုင်ငံတွေမှာ အသက်ပြည့်ရင် ဆေး(မူးယစ်ဆေး)တရား၀င်သုံးစွဲလို့ရပါတယ်နော်။ သူ့အတိုင်းအတာနဲ့သူပေါ့။ အလွန်အကြူးမဟုတ်ရင် ကျန်းမာရေးကိုတောင် အထောက်အကူဖြစ်စေပါတယ်။)

ထို့ကြောင့် ဝေယံအိမ်ကလည်း ပြဿနာတွေအားလုံး ရှင်းလိုက်ရတာကြောင့် စိတ်ဆိုးကာ ဝေယံရဲ့အဖေက နှင်ချလိုက်တာဖြစ်သည်။ အမေဖြစ်သူကတော့ ပိုက်ဆံတွေကို ခိုးခိုးပို့ပေးတတ်သည်။ တကယ်တော့ သူမသည် ဝေယံ၏အမေအရင်းမဟုတ်ချေ။ ဝေယံ့အမေအရင်းသည် မီးတွင်းထဲမှာပဲ တိမ်းပါးသွားခဲ့ခြင်း။ မိထွေးဆိုသော်ငြားလည်း ဝေယံကို သိပ်ချစ်သည်၊ဂရုစိုက်ပေးရှာသည်။

တိမ်လွှာထက်မှ ဂမုန်းငယ်Where stories live. Discover now