Part-3

3.2K 203 16
                                    

#Unicode

"မအေလိုး! လွမ်းဂမုန်းအိမ်ကို လာမထိနဲ့!"

အကြောပြိုင်းပြိုင်းထနေသည့်လက်တစုံကြားထဲရောက်နေသော ကောင်လေး၏လည်ပင်းရိုး။ အသေအကြေညစ်ခံထားရတာကြောင့် မျက်နှာတစ်ခုလုံးနီရဲနေချေ၏။

ကန်ခံထားရသည့်အရှိန်ရော၊ ထိုးခံထားရသည့်အရှိန်တွေရောကြောင့် လှုပ်ဖို့ပင်မနည်းရုန်းကန်နေရသည်။

"နောက်တစ်ခါ ထိဦးမလား!!"

"တောင်း..တောင်းပန်ပါတယ်။ နောက် အ့ မဖြစ်စေရပါဘူး။"

"အေး! စကားတည်ပါစေ...ငါ့မျက်စိရှေ့က ထွက်သွား! အခုကိစ္စကို လွမ်းဂမုန်းအိမ်မသိစေနဲ့!"

"ဟုတ်..ဟုတ်ကဲ့ပါဗျ"

"မြန်မြန်လစ်လိုက်တော့!"

သန်မာလွန်းလှသည့်လက်တစုံကြားမှ လွတ်ထွက်သွားသည့်ကောင်လေးကတော့ နောက်ကိုလှည့်မကြည့်ဘဲ ‌ပြေးတာကိုတန်းလို့။

တိမ်တိုက်လည်း ထိုကောင်လေးထွက်သွားမှ လျှာကိုပါးစောင်းထဲထိုးပြီး တံတွေးတစ်ချက်ထွေးထုတ်လိုက်သည်။ လက်ဆစ်တွေကို ခါထုတ်ကာ ကျောင်း၀တ်စုံကို ပြန်ပြုပြင်လိုက်သည်။ အင်္ကျီရင်ဘတ်မှာ တစ်ဖက်ကောင်လေး၏သွေးတွေပေနေတာကြောင့် အနွေးထည်ကို ထပ်၀တ်ထားလိုက်သည်။

ကျောင်းအနောက်ဘက်အိမ်သာမှ ကျောင်းဆောင်တွေဆီသို့ ဦးတည်လာခဲ့သည်။

'န၀မတန်း က'ဟုသည့်အခန်းထဲသို့ အသာ၀င်လာလိုက်သည်။ အနောက်ဆုံးတန်းမှ ကောင်လေးတစ်ယောက်ဆီကို တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။

ထိုကောင်လေးကား တကိုယ်လုံးကဖြူဖွေးစွပ်နေပြီး ဆံနွယ်တို့ကလည်း တခေါင်းလုံးဖြူဖွေးနေလေသည်။ ပုလဲလုံးလေးတစ်လုံးဟုတောင် အထင်မှားရနိုင်သည်။ နှုတ်ခမ်းဖောင်းဖောင်းရဲရဲလေးထက်မှာတော့ မှဲ့နီနီလေးက ထင်းနေ၏။ ၀င်လာသည့်တိမ်တိုက်ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လှမ်းကြည့်နေသည်။

"အသေးလေး..."

"ဟင်"

"စာမေးပွဲဖြေရင် ပြောပြဦးနော်"

တိမ်လွှာထက်မှ ဂမုန်းငယ်Dove le storie prendono vita. Scoprilo ora