Part (1) Zg + Uni

14.6K 267 7
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 1)

UK နိုင်ငံရှိ Uthrine ဘားတွင် >>>>>

ဘရန်ဒီခွက် ကို ကျစ်လစ်တောင့်တင်းတဲ့ လက်နဲ့ ကိုင်ထားပြီး
သူ့ နှုတ်ခမ်းတစ်စုံကလည်း စေ့စေ့ပိတ်ထားသည်။
ထူတန်းနေတဲ့ မျက်ခုံးအောက်က မျက်လုံးအစုံကလည်း
စူးရှပြီး တည်ငြိမ်နေသည်။
အဆိုတော် ဆိုတော့ အားကစားနေ့တိုင်းလုပ်ရတဲ့အတွက်
သူ့မှာ တောင့်တင်းတဲ့ ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ထားသည်။

ဒါ့အပြင် သူရဲ့ လက်ပြင်ကျယ်ကျယ် နဲ့ ရင်အုပ်ကျယ်ကျယ်
ကလည်း မိန်းကလေးတွေ အားကိုးစရာချင်ကြီးပင်.....
ကျစ်လစ်တုတ်ခိုင်တဲ့ လက်မောင်းသားတွေကြောင့်လည်း
သူ့ကို လူအများက တစ်ချက်ကြည့်လိုက်တာနဲ့ အံ့ဩမှင်သက်
သွားစေသည်။ ဘားက ဆိုဖာမှာ ခြေချိတ်ထိုင်နေတဲ့
သူ့ ပုံစံကလည်း ဘုရင်တစ်ယောက်လိုပင်.....

အရှင်းဆုံး ပြောရရင် ဇောင်မြဲဖြန် ဆိုတဲ့ ကောင်လေး
ဘယ်လိုပဲ ထိုင်ထိုင် သူ့ ပုံစံနဲ့ သူ့ စတိုင်လ်က အစ
မိမိုက်နေသည်။ ခြောက်ပေကျော် ရှည်လျားတဲ့ အရပ်ကြီး
ကလည်း မြင်ရသူတိုင်းကို သမင်လည်ပြန်ငေးမောစေသည်။
သူ့ အရပ်နဲ့ တောင့်တင်းခိုင်မာတဲ့ သူ့
ကြောင့် လူအများစုက သူ့ကို 23 လို့ ထင်ကြပေမဲ့လည်း
တကယ်တမ်း သူ့ အသက်က အခုမှ 20 ပဲရှိသေးသည်။

သူ့ ဘယ်ဘက်လက်မှာလည်း နာမည်ကြီး branded
Rolex နာရီ က နေရာယူထားသည်။ ညာဘက်လက်တွင်
လည်း လမ်းသရဲbracelet အမည်းကွင်းကြိုးတွေနဲ့ ရှူပ်ယှက်
ခတ်နေသည်။ သို့သော် ရှူပ်ယှက်ခတ်ပေမဲ့လည်း သူ့နဲ့ လိုက်ဖက်
မှုရှိသည်။ နောက်ပြီး V- shape ပုံစံကိုမှ တစ်ဝက်လောက်
ထိ ခွဲချထားတဲ့ shirt အင်္ကျီဂျိုင်းပြတ်အဖြူရောင်ကလည်း
သူရဲ့ ရင်အုပ်ကျယ်ကျယ်ကို အတိုင်းသား မြင်နေရပြီး
မာကျောကျစ်လစ်တဲ့ သူရဲ့ six pack တွေကိုပါအထင်အရှား မြင်နေရသည်။

" ဇောင်........ မင်းကို ဟိုဘက်ဝိုင်းက ဒီဘားပိုင်ရှင်ရဲ့
သမီး ငေးနေတယ် ဘယ်လိုလဲ အဲ့ဒီသွားမိတ်ဆက်မလား "

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Tempat cerita menjadi hidup. Temukan sekarang