Daddy တို့ဆီကိုဖုန်းဆက်ပြီးနောက် လိုင်းခဏသုံးပြီး အိပ်လိုက်သည်။
မနက်လင်းတော့ထုံးစံအတိုင်းအောက်ထပ်မှာ မနက်စာဆင်းစားရလေသည်။
ဦးမျိုးနိုင်ကလဲ ထမင်းစားခန်းမှာ သတင်းစာနှင့်စောင်နေသည်။ အရာအားလုံးမှာ မနေ့ကလို ပုံမှန်းအတိုင်းလေးဖြစ်သည်။မနက်စာကို ကိတ်မုန့်နဲ့ လက်ဖက်ရည်ချပေးထားသည်။
"ကြီးကြီး"
"အေးသမီးလေး ပြောလေ"
"ဟိုလေ သော်မနက်စာကို ဒီလိုမုန့်တွေထပ် မုန့်ဟင်းခါးတို့ အုန်းနို့ခေါက်ဆွဲတို့စားချင်တယ်"
"မနက်ဖြန်ကြီးကြီးဝယ်ပေးထားမယ်နော်"
"Uncle က သမီးလေးမစားတတ်မှာစိုးလို့ ကိတ်တွေဘာတွေပဲလုပ်ခိုင်းထားတာ"
"ဟုတ်uncle သော်က မြန်မာအစားစာတွေမစားရတာဆယ်စုနှစ်ရှိနေပြီမို့ သတိရလို့ပါ"
"ဟုတ်ပါပြီ ဒါဆို ဒေါ်နွဲ့ သမီးကိုမနက်ဖြန် ဝယ်ပေးလိုက်ပါ"
"ဟုတ်ကဲ့ ဝယ်ထားပေးလိုက်ပါ့မယိ"ကျွန်မတို့စကားပြောနေရင်း အန်တီမှ ထမင်းစားခန်းသို့ဝင်လညလေသည်။
"ကြီးနွဲ့"
"အေးပြောလေ သမီး"
"ဖွဲ့ မနက်စာကို ရုံးမှာပဲစားလိုက်တော့မယ် ပြင်မနေနဲ့တော့နော်"
"သမီး အဖေနဲ့အတူစားသွားပါလား"
"ဖွဲ့ အစည်းအဝေးရှိသေးတယ် အဖေ"
"အင်းပါ ကားကိုဖြေးဖြေးမောင်းနော်"
"ဟုတ်ကဲ့"ဟုသူမ၏အဖေအား ပြောပြီး အကြည့်များမှာ သော့်ဆီသို့ရောက်လာသည်။
ချက်ချင်းပင်မျက်စောင်းအကြီးကြီးထိုး၍ထွက်သွားလေသည်။
အပြုံးတစ်ခု ရင်ထဲကမလာလဲ ဟန်ဆောင်အပြုံးလေးတစ်ခုပဲဖြစ်ဖြစ် မျှော်လင့်ထားပေမဲ့ မျက်စောင်းပဲထိုးသွားတယ်တဲ့လေ။မျက်စောင်းထိုးတာလေးကအစ ချစ်ဖို့ကောင်းပါရဲ့။
"အဟွတ် အဟွတ်"သူမ၏မျက်စောင်းကိုမြင်ပြီး စားနေသည့်မုန့်များပင်သီးသွားလေသည်။
YOU ARE READING
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။