အပိုင်း၂၃

3.1K 223 11
                                    

ဦးကောင်းတို့အိမ်ထဲရောက်တော့ ဝင်ဝင်ချင်း ကျွန်းခုံနှင့်စားပွဲဝိုင်းတို့ကိုတွေ့၏။အန်တီကြူကတော့တံခါးအဝမှာထဲကစောင့်နေပြီး သူတူလေးကတော့ စားပွဲမှာသာထိုင်နေလေသည်။ဖွဲ့ကတော့ နှစ်ခုံဆက်ခုံမှာဝင်ထိုင်ပြီး သော်ကဘေးမှာဝင်ထိုင်မယ်လုပ်တော့ ဖွဲ့က ဖိုးခွားကိုဝင်ထိုင်ခိုင်းလိုက်တာကြောင့် သော့်မျက်နှာကြီးမှုန်ကုတ်ကာ တစ်ယောက်ခုံ၌သာ ဝင်ထိုင်လိုက်ရသည်။

ဆူပုတ်နေတဲ့ သော့်ရဲ့မျက်နှာကိုကြည့်၍ ဖွဲ့တစ်ချက်ပြုံးလိုက်မိသေးသည်။ကလေးနဲ့ကအစ အူတိုနေပုံက ချစ်စရာကောင်းသလိုပင်။အကြည့်ချင်းစုံမိတော့ မျက်စောင်းထိုးသွားတဲ့ သော့်ကြောင့် ဖွဲ့နောက်တစ်ကြိမ်အသံမထွက်ရုံလေးရီမိပြီး ခေါင်းကိုလဲ အသာယာယမ်းနေမိသည်။
"မမလေး...ညစာဒီမှာပဲစားသွားပါလား"

"နေပါစေရတယ်....ဒီကအပြန်ဆိုင်တစ်ဆိုင်မှာပဲဝင်စားလိုက်တော့မယ်...သက်သက်အပင်ပန်းမခံပါနဲ့တော့"

"မဟုတ်တာပဲ...မမလေးတို့ကျေးဇူးက အန်တီကြူတို့အပေါ်အများကြီးရှိတာပဲကို အဲ့လိုတော့မပြောလိုက်ပါနဲ့"

"ဟုတ်ပါပြီရှင်ကျေးဇူးပါပဲ...ဒါနဲ့...စပျစ်ခြံအခြေအနေလေးကော အဆင်ပြေရဲ့လား"

"ပြေပါတယ် မိသားစုတစ်နိုင်တစ်ပိုင်လေးပဲလုပ်ဖြစ်တယ် စားဖို့သောက်ဖို့နဲ့ကလေးကျောင်းစရိတ်လေးရရင်တော့လုံလောက်ပါပြီ"

"ဒီနှစ်တော့အရှုံးကြီးရှုံးတာပဲမမလေးရေ...."

အသံလာရာတံခါးဝသို့အားလုံးအကြည့်ရောက်သွားကြပြီး စပျစ်တောင်းကိုကိုင်၍ ရောက်ချလာသော ဦးကောင်း....

"ဘယ်လိုတွေဖြစ်လို့လဲ"

"ဒီနှစ်ပိုးအကျများတယ်ကွယ်....တင်ပို့တဲ့ထိတောင်မလုပ်နိုင်ဘူး"
ဒီစကားကိုကြားရတော့ မနေနိုင်မထိုင်နိုင် သော်က ကြားကဝင်မေးမိသည်။

"ခြံကသေချာဝင်ကြည့်မှ တစ်ဆုံးကိုအကျယ်ကြီးပဲဟာကို တစ်ခြံလုံးပျိုးရင် ဝိုင်ပါထုတ်လို့ရလောက်မှာ အခုအသီးပဲ တင်ပို့နေတာပေါ့"

"ဟုတ်တယ်သမီးရဲ့... ဒီသုံးယောက်ထဲနဲ့ဘယ်လိုမှ တစ်ခြံလုံး မလုပ်နိုင်ဘူးကွဲ့ မမလေးအမေတို့အဖွားတို့ တုန်းကတော့ ဝိုင်တွေပါထုတ်ဖြစ်တယ် စပျစ်ခြောက်တွေကောပဲ ခြံရဲ့ဟိုးဘက်အနောက်မှာဆိုရင် ဝိုင်စည်ကြီးတွေရှိသေးတယ် စည်ရုံကြီးပေါ့"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Tempat cerita menjadi hidup. Temukan sekarang