ဒီလိုနဲ့...ရက်အနည်းငယ်ကြာတော့ ဖွဲ့နှင့်သော် နှစ်ယောက်သား ပြင်ဦးလွှင်သို့ ကားနှင့်ထွက်ခဲ့ကြသည်။
ဖွဲ့က လေယဥ် ထပ်စာရင် ကားနဲ့သွားပြီး ရှုခင်းလှလှလေးတွေကို ကြည့်ချင်သောကြောင့် ကားဖြင့်သာသွားခဲ့ကြသည်။
တစ်လမ်းလုံးGPSအကူညီနဲ့ သော်သာဦးဆောင်၍ မောင်းခဲ့ရာ ညဘက်ဟာအတော်မှောင်နေပြီဖြစ်ပြီး ဖွဲ့ကလဲ အိပ်ပျော်နေလျက် ဘာအသံမှကိုမကြားတာကြောင့် အကြောင်းရာတစ်ခုကိုပြန်တွေးမိနေသည်။~•~
"အရေးတကြီးတွေ့ချင်နေတယ်ဆိုတော့ အန်တီဖွဲ့အကြောင်းမှဟုတ်ရဲ့လား ဦးညဏ်လင်းထက်"
ချိန်ထားတဲ့နေရာက ဦးညဏ်လင်းထက်ထိုင်ခုံရှေ့၌ဝင်ထိုင်လိုက်ပြီး ရွဲ့ပြုံးလေးနှင့်ပြောလိုက်လေသည်။VIP အခန်းဖြစ်တာကြောင့်မို့ သူတို့နှစ်ဦးကလွဲထိုအခန်းထဲတွင်လဲ ဘယ်သူမျှမရှိကြပေ။ညဏ်လင်းထက်သက်ပြင်းတစ်ချက်ချလိုက်ပြီး
"ဖွဲ့ကျန်းမာရေးအခြေအနေလေး ပြောပြပေးနိုင်မလား""ခင်ဗျားနဲ့ဆိုင်လို့လား"
"uncle အကောင်းမေးနေတာပါ ဘာလို့ ဒေါသကြီးထွက်နေရတာလဲ"
"ပြောစရာရှိတာမြန်မြန်ပြောပါ အန်တီ့အနားကနေ ခဏဆိုပြီးပဲထွက်လာတာ သူစိတ်ပူနေလိမ့်မယ်"
"အင်းပြောမှာပါ uncle လဲ ညနေ flight ရှိသေးလို့ အရေးတကြီးချိန်းလိုက်ရတာ"
သော်ကဘာမှမပြောပဲ စားပွဲကရေကိုယူေသာက်လိုက်ပြီး ခေါင်းတစ်ချက်သာငြိမ့်ပြသည်။"ပြီးတော့ မင်း uncle ကိုပြန်တောင်းပန်ပါ"
"ဟားဟားဟားးးးးး ဘယ်လို...ပြန်တောင်းပန်ရမယ် ဘာအတွက်လဲ"
"uncle မျက်နှာက အနာရွတ်တွေအတွက်"
"ဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ အမှားမလုပ်ခဲ့ဘူး အဲ့တော့ ဘယ်သူ့ကိုမှ တောင်းပန်လာတဲ့လူမဟုတ်ဘူး သော့်ဆီကတောင်းပန်ခံချင်ရင်တော့ နောက်ဘဝကိုစောင့်လိုက်ပါ တောင်းပန်တယ်ဆိုတာ ငြိမ်းရသော် ရာဇဝင်မှာမရှိဘူး"
ရေတစ်ငုံထပ်သောက်လိုက်ပြီး ဖန်ခွက်ကို အသံမြည်အောင်ချလိုက်ပြီး
BẠN ĐANG ĐỌC
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Lãng mạnသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။