နှစ်လခန့်ကြာသော်.....
လူသူရှင်းလင်းပြီး ဂိုထောင် ပြတ်တစ်ခုသာရှိတဲ့ နေရာ၌ ကားတစ်စီး အရှိန်နဲ့ ထိုးရပ်သွားလေသည်။
ထိုကားပေါ်မှ ဆင်းလာသူကတော့ ငြိမ်းရသော်...
"ဒေါက် ဒေါက် ဒေါက် ဒေါက်"
ငြိမ်သက်လှတဲ့ ဂိုထောင်ပြတ်တစ်ခုထဲ ခြေသံတစ်ခု တညံညံ ထွက်ပေါ်နေခဲ့တယ်။
မှောင်ပြပြ အခန်းထဲ ငြိမ်းရသော် ဝင်သွားခဲ့လေသည်။
"Boss..."
ဘေးမှ အနက်ရောင် ဝတ်စုံနဲ့ သူမရဲ့ ဘက်တော်သားက တုတ်တစ်ချောင်းကမ်းပေးလေသည်။
ညာဘက်လက်ကို အသာအယာယမ်းလျက် ရှေ့ကို ဆက်လျောက်လေသည်။
တစ်နေရာရောက်တော့ သူမ ခြေလှမ်းများကို ရပ်တန့်လျက်
လက်ထဲ၌ ပါလာသော ရေဘူး အဖုံးကို ဖွင့်လေသည်။
ထို့နောက် ခုံတစ်ခုံပေါ်၌ ကြိုးတုန်လျက် ခံထားရသော လူ၏ မျက်နှာအား အရှိန်နဲ့ ပတ်လိုက်လေသည်။
"မင်း မင်း...."
"ဟုတ်တယ် ကျုပ်ပဲ ဦးညဏ်လင်းထက် နိုင်ငံခြားက ပြန်ရောက်ရောက်ချင်း ကျုပ် အချစ်မျက်နှာလေးကို အရင်သွားတွေ့ချင်ခဲ့တာ ခင်ဗျားကြီး အတော်ကံထူးသွားတာ ကျုပ်ခင်ဗျားကို အရင်လာတွေ့လိုက်ရတယ်"
ဦးညဏ်လင်းထက်ထံမှ ဒေါသ အကြည့်စူးစူး ဟာ ငြိမ်းရသော် ထံသို့ ကျရောက်သွားလေသည်။သို့သော် တုတ်ထားသော ကြိုးများကြောင့်ရော အချက်ပေါင်းများစွာ ထိုးကြိတ်ခံထားရတာကြောင့်ရော အနည်းငယ် ရုန်းနေရုံကလွဲ သူဘာမှပြန်မလုပ်နိုင်ပါ။
" ခင်ဗျား က သိပ် တုံးတာပဲနော် မထင်ထားဘူး ဒီလိုညဏ်နည်းလိမ့်မယ်လို့ ကျုပ်အပေါ်အပြစ်ကြီးလုပ်ထားပြီး အနည်းဆုံးတော့ ကိုယ့်အသက်အတွက် body guard များများလေးထားသင့်တယ်"
ဦးညဏ်လင်းထက် အသက်ကို ဖြေးဖြေးသာရှုနိုင်သေးသည်။
အထိုးခံရလိုက် ပြန်နိုးလာရင် ရေတိုက်ပြီး ပြန်ထိုးထားကြနှင့် သုံးရက်မျှရှိနေလေပြီ ဖြစ်သည်။
"ဘာလို့ ခုလိုလုပ်ရတာလဲ Uncle...Uncle ဘာလုပ်မိလို့လဲ ဖွဲ့....."
ဦးညဏ်လင်းထက် စကားကိုပင်ဆုံးအောင် မပြောရသေးခင်မှာ
ESTÁS LEYENDO
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။
