ကိုယ်ဟာဧည့်သည်ဖြစ်တဲ့အတွက် လုပ်စရာအလုပ်လဲ မရှိပေ။
ဖုန်းသုံးလိုက် ရှေ့လျာက်လိုက်နောက်
လျောက်လိုက်ခြံထဲဆင်းလိုက်နှင့်ပင် တစ်နေ့တာကုန်လေသည်။ညစာစားပြီးနောက်တွင်
"သမီးလေး ပျင်းနေတာလား ဒီကိုလာပါအုံး"ဦးမျိုးနိုင်ခေါ်သောကြောင့် ဧည့်ခန်းထဲ၌ သော်ဝင်ထိုင်လိုက်ပါသည်။
"အော် ဟုတ်ကဲ့uncle"
"သမီးအဖေနေ့လည်ကဖုန်းဆက်တယ် သမီးဖုန်းကိုဆက်မရလို့တဲ့"
"အော် ဟုတ်မယ် ခြံထဲဆင်းနေတာ bettry down သွားတာနဲ့ ဖုန်းကိုအပေါ်မှာထားခဲ့လို့ uncle"
"အော်အေးအေး အဲ့ဒါဆို ဖုန်းပြန်ဆက်လိုက်ပါအုံး"
"ဟုတ်ကဲ့ ဆက်လိုက်မယ်uncle ဒါနဲ့ ေသာ်တစ်ခုလောက်မေးချင်လို့"
"မေးလေ ဘာများလဲ"
"ဟို..အန်တီက ခုထိပြန်မလာသေးဘူးလား"
"သူကအလုပ်များတယ် သမီးရဲ့"
"ဒါပေမဲ့ နေ့တိုင်းကြီးလား"
"နေ့တိုင်းမဟုတ်ပေမဲ့ များသောအဖြင့်ပေါ့"
ကျွန်မတို့နှစ်ယောက်ပြောရင်းနှင့်ပင်အိမ်ရှေ့မှကားသံ ကြားလိုက်ရလေသည်။
"ပြောရင်းဆိုရင်း သမီးအန်တီပြန်လာပါပြီ"
ဟုတ်ပါတယ် သူမပြန်လာတာပါ အသွားတုန်းကလဲဒီပုံစံလေးအတိုင်းအပြန်ကျတော့လဲဒီပုံစံလေးအတိုင်းပဲ လှနေဆဲ ဖြစ်သည်။အလှတစ်စက်မှလျော့မသွားသလိုနှုတ်ခမ်းနီအရောင်လေးတောင်ဖျော့သွားခြင်းမရှိပေ။
ကျွန်မတို့ထိုင်နေရာဧည့်ခန်းထဲသို့ဝင်လာပြီး
"ဖေဖေ ဖွဲ့ပြန်ရောက်ပြီနော်"
"အော်အေးအေး သွားနားချေတော့"
"ဟုတ်ကဲ့"ဟုပြောပြီး ပင်ပန်းနွမ်းလျသောမျက်နှာဖြင့် အပေါ်သို့တက်သွားလေသည်။
သားအဖနှစ်ယောက်ကြားပြောသော စကားလုံးတို့မှာဝတ်ကျေတန်းကျေလို့ ကျွန်မခံစားမိပါသည်။
သာမာန်ဆိုလျှင် အနည်းဆုံး အန်တီက အဖေဖြစ်သူကို ပြုံးပြ သင့်သည်မဟုတ်လား။
YOU ARE READING
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။