အပိုင်း၁၉

3.8K 257 11
                                        

တစ်ညတာဟာ အမျိုးသမီးနှစ်ဦးရဲ့ ရင်ခုန်သံများနှင့်အတူ
ကုန်ဆုံးသွားလေပြီ။ရင်ထဲမှာပြည့်ကျက်နေတဲ့ခံစားချက်တွေကြောင့် နောက်ကျမှအိပ်ပျော်သဖြင့် မနက် ဖွဲ့ကို ရုံးပို့ပေးမည််ဟုပြောထားသည်ကိုပင်မေ့လျော့ကာ အိပ်မောကျလျက်
မျက်လုံးနှစ်လုံးကို လှစ်ကနဲ့ဖွင့်လိုက်ပြီး အတွေးထဲ ပထမဆုံးဝင်လာသူမှာ အန်တီ လက်တွင်ပတ်ထားသောနာရီကို တစ်ချက်ကြည့်လိုက်ရာ ရှစ်နာရီခွဲလေပြီ။ကိုးနာရီဆို ရုံးကိုအရောက်သွားတတ်ကြောင်း သိသည်မို့ သော် နောက်ကျပြန်ပြီလေ ။သုတ်သုတ်ပြာပြာကုတင်ပေါ် မှဆင်း၍ရေချိုး ဂပိုကရိုအဝတ်စားလဲကာ အခန်းမှထွက် ထမင်းစားခန်းသို့ဦးတည်၍လာခဲ့သည်။
ကိုးနာရီထိုးခါနီးပြီဖြစ်သော်လဲ ထမင်းစားခန်းတွင်ဖွဲ့ရှိနေသေးသည်။

ဟူးးးးတော်ပါသေးရဲ့ မနက်ခင်းရောက်လို့ အန်တီ့မျက်နှာတော်လှလှလေးမမြင်လိုက်ရရင် တစ်နေကုန် နေလို့ထိုင်လို့ အဆင်မပြေ.....

"Morning uncle"

"Morning"

"အန်တီ...Morning"

"Morning"
morning လို့မပြောခင်မှာပင် မျက်စောင်းယေးယေးလေးကထိုးသေးသည်။စွာတေးလန်အန်တီပေါ့....

"တော်ပါသေးရဲ့သမီးရယ်...ရောက်လာပေသေးလို့ မဟုတ်ရင် သမီးအန်တီ မနက်စာကိုဒီအိမ်တစ်ခုလုံးပါ မြိုချမလားပဲ"

"ဟာ..အဖေကလဲ ဒီတိုင်းဗိုက်ဆာလို့စားတာပါ"
ဖွဲ့၏ရှေ့တွင် ပန်းကန်ကြီးငယ်နှင့် စားစရာမျိုးစုံ
ပုံမှန်မနက်စာစားရန် ရှစ်နာရီအတိတွင် သတ်မှတ်ထားပေမဲ့
ကိုးနာရီထိုးခါနီးထိ သော်ရောက်မလာချင်းကြောင့် ဖွဲ့စောင့်နေခြင်းသာ....

ဖွဲ့လဲသူမအဖေ၏စကားကြောင့်ရှက်ပြီး သော့်ကိုမျက်စောင်းတစ်ချက်ထိုး၍ အခန်းထဲမှထွက်လာခဲ့သည်။
သော်လဲ ဦးမျိုးနိုင်နှင့်ကြီးကြီးကို တစ်ချက်ရီပြလိုက်ပြီး
ဖွဲ့နောက်သို့အပြေးလိုက်ရသည်။

ကားပေါ်တက်ကာတံခါးပိတ်လိုက်ပြီးမှ သော်ကားနားသို့ရောက်သည်။ကားတံခါးကိုဖွင့်ကြည့်သော်လဲအထဲမှ ဂျက်ချထားသည်မို့ဖွင့်၍မရ။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Место, где живут истории. Откройте их для себя