အပိုင်း၁

9.7K 302 4
                                    

လေယဥ်နှစ်ဆင့်စီးပြီး နောက်ဆုံးတော့ ကျွန်မကိုမွေးဖွားခဲ့တဲ့ အမိမြန်မာနိုင်ငံအပေါ် ခြေချနိုင်ခဲ့ပါပြီ။

လေယဥ်ကွင်း မှာ ကျွန်မ နာမည်ကဒ်ပြားဖြင့်စောင့်နေမဲ့ သူကို လိုက်ရှာနေပါသည်။ဆယ့်ငါးမိနစ်လောက်ပတ်ရှာပြီးမှငြိမ်းရသော်ဆိုသောကျွန်မနာမည်ကဒ်ပြားအားကိုင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးကိုတွေ့၏။
ကျွန်မလဲ ကျွန်မ၏ အခရီးဆောင်အိတ်လေးအားဆွဲ၍ ထိုလူအနားသွားတာ ကဒ်ပြားအပေါ်ကနာမည်အား သေချာဖတ်နေလိုက်သည်။
ဆယ်နှစ်သားအရွယ်ထဲက အဖေနဲ့အတူလန်ဒန်မှာပဲ အခုအချိန်အထိနေလာခဲ့သောကြောင့် မြန်မာလိုကျွမ်းကျင်စွာပြောတတ်ပေမဲ့ အရေးပိုင်းတော့မေ့တေ့တေ့ဖြစ်နေလေ၏။

"ကျွန်မ ငြိမ်းရသော်ပါ ဦးမျိုးနိုင်လွှတ်လိုက်တာလား မသိဘူး"

"အော် ဟုတ်ပါတယ်ဗျ့ သူ့ငယ်ချင်းရဲ့ သမီးငြိမ်းရသော်ကို ကြိုခိုင်းလိုက်လို့ပါ ညီမကဦးIVENရဲ့သမီး ငြိမ်းရသော်ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ်"

" ညီမအိတ်ပေးပါ ကားက အရှေ့မှာ ကျွန်တော့်နောက်ကလိုက်ခဲ့နော်"

"ဟုတ်ကဲ့"ဟုပြောပြီး ထိုအမျိုးသားရဲ့အနောက်ကလိုက်သွားလိုက်သည်။

ကားနားသို့ရောက်သောအခါ ထိုအမျိုးသားမှ ကျွန်မ၏ခရီးဆောင်အိတ်အား ကားထဲထည့်ပြီး ကားတံခါးလာဖွင့်လေသည်။

"တက်ပါ ညီမ "

"ဟုတ်ကဲ့ ကျေးဇူးပါ"

ဆယ်မိနစ်လောက်တိတ်ဆိတ်စွာ ကားမောင်းလာရင်း မီးပွိုင့်တစ်ခုအရောက်မှ
"ဒီပုံတိုင်းဆို ကားက မိနစ်20လောက်တော့ စီးရအုံးမယ် ညီမ ခရီးပန်းလာတာဆိုတော့ မှိန်းနေလိုက်ပါလား"

"မှိန်းတယ်"ထိုစကားလုံးရဲ့အဓိပ္ပါယ်ကိုခဏစဥ်းစားပြီးမှ"အော်..အိပ်တာကိုပြောတာလား"

"ဟုတ်တယ်ညီမ"

"ရပါတယ် သော် ဒီတိုင်းလဲအဆင်ပြေပါတယ်"

"ညီမက မိန်းကလေးအစစ်လား"

"ဟမ် ဟုတ်ပါတယ် မိန်းကလေးပါ ဘာဖြစ်လို့လဲ"

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now