သစ်ပင်တွေနဲ့အုံစိုင်းနေပြီး ကျယ်ဝန်းလှတဲ့ခြံထဲသို့ကားတစ်စီးအရှိန်နဲ့တိုးဝင်လာခဲ့သည်။ညဘက်လူချိန်တိတ်ဆိတ်တာကြောင့် ဘေးဘက်ရှိစပျစ်ခြံက အလုပ်သမားများပါ အလန့်တကြားဖြစ်ကုန်ကြ၏။
အနည်းကျင်းလေးသောက်ထားသည်မို့ ခြေလှမ်းများမှယိုင်ချင်သလိုပင်။ကားပေါ်မှဆင်း၍ အိမ်ထဲသို့ဝင်လာခဲ့သည်။ညဘက်မှာတံခါးဟာအော်တိုဖွင့်ထားသည်မို့ .လက်ရှိနာရီကိုပြူးပြဲကြည့်နေရသည်။ထိုစဥ်ဖြူအုလှသောခြေဖဝါးတစ်စုံကိုမြင်တွေ့လိုက်ရသည်။မျက်လွှာကိုပင့်တင်၍ကြည့်လိုက်ပြီး မည်သူဆိုတာကို သေချာမမြင်ရသေးခင်မှာပင်..
"ဖြောင်း...! "
မြတ်လေးရုံရဲ့ မိခင်ဖြစ်သူ ဒေါ်မူရာမြတ်
မျိုးနိုင်၏ပါးပြင်ပေါ်သို့ အားပြင်းစွာရိုက်ချလိုက်ပြီး အံကိုတင်းတင်းကြိတ်ထား၍ မျက်ဝန်းများမှာလဲ ဒေါသများဖုံးလွှမ်းလို့နေသည်။မျိုးနိုင်ဟာလဲ အစထဲကယိုင်ချင်နေတာကြောင့် မြေကြီးပေါ်သို့လဲကျသွားသည်။ဒေါ်မူရာမြတ် နှင့် မြတ်လေးရုံဆိုသည်မှာ ပြင်ဦးလွင်မြို့မှာ မသိသူမရှိ ဂုဏ်ကြီးမျိူးကြီးဖြစ်ရာ စပျစ်ခြံလုပ်ငန်းကိုလုပ်ကိုင်လျက်ရှိတဲ့ လူချမ်းသာမျိုးရိုး..မြတ်လေးရုံဟာလဲ လာရောက်တောင်းရမ်းသူများပေါများလှသည်။ချောသည်ဆိုတာထပ် ယဥ်၍လှသော သြဇာညောင်းသောအမျိုးသမီးပင်."မယ်မယ်.."
အချခံလိုက်ရတဲ့ပါးပြင်ကိုခပ်ဖွဖွပွတ်သပ်၍ တီးတိုးလေးခေါ်လိုက်ပေမဲ့
"နင့်ပါးစပ်ပိတ်ထား..!"
တစ်ခြံလုံးကို ဟိန်းသွားသည်ထိ ကျယ်လောင်လှသော ဒေါ်မူရာမြတ်၏ ဟောက်သံ
"ကလိမ်ကကျစ် အမျိုးယုတ်..."
"အာ့!"
ခွေလျက်ကျနေသော မျိုးနိုင်၏ ရင်ဘတ်ပေါ်သို့ ညာဘက်ခြေထောက်ဖြင့်တစ်ချက်ကန်ကာ ဖိနင်းထားလိုက်ပြီး လက်ထဲရှိ ငှက်ကြီးတောင်ဓားကိုဆွဲထုတ်၍ခုတ်မည်လုပ်တော့ မျိုးနိုင်က လက်နှစ်ဖက်ဖြင့်ကို့ကိုယ်ကို ကာထားပြီး အနားရှိ သမီးဖြစ်သူမြတ်လေးရုံနှင့် ကောင်းခန့်(ဦးကောင်း)အပါအဝင် အခြားလူများလဲဝင်မနည်းဝင်ဆွဲကြရသည်။ထိုအချိန်မှာတော့ ဦးကောင်းက 12နှစ်သာရှိသေးသည်။
BẠN ĐANG ĐỌC
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Lãng mạnသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။