"အန်တီ"
"ဟင်"
"အရမ်းအများကြီး မသောက်နဲ့အုံးနော်.သော် ဟိုဘက်နားလေးမှာရှိမယ်"
"ဒီမှာပဲနေလေ ဘာဖြစ်လို့လဲ"
"ဒီပွဲထဲမှာပဲရှိမှာပါ အန်တီ့မိတ်ဆွေတွေကို အချိန်ပေးလိုက်ပါအုံး"
"အင်း 15min လောက်နေရင် သော့်ဆီလာခဲ့မယ်"
"ဟုတ်"
~
"သော်"
"ဟုတ် အန်တီ အခန်းထဲ ပြန်တော့မလို့လား"
"ဟင့်အင်း တစ်နေရာသွားရအောင် ဒီပွဲထဲမှာမနေချင်တော့လို့"
မျက်ဝန်းများကလဲရဲနေပြီး အသံများဟာလဲတုန်ရီနေလေသည်။
"အန်တီ အပြင်းစားတွေ သောက်ထားသေး တာလား"
"မသောက်ပါဘူး လာပါ ကမ်းစပ်နားသွားရအောင်"
အရှေ့မှလက်ကိုဆွဲ၍ ခေါ်သွားပေမဲ့ သူမ၏ခြေလှမ်းများမှာ အနည်းငယ် ယိုင်ထိုးနေလေသည်။
သော်လဲ ဘာစကားမှမပြောတော့ဘဲ သူမလက်ဆွဲ၍ ခေါ်ဆောင်ရာအနောက်ကိုသာလိုက်လာခဲ့တော့သည်။
"ဒီနားလေးမှာထိုင်ကြမလား"
"အန်တီ့သဘောပါ"
ကမ်းစပ်နားမှာ နှစ်ယောက်သား အတူထိုင်နေကြပြီး ဖွဲ့ကတော့ လမင်းကြီးကိုငေးကြည့်ကာပြုံးလျက်နေသည်။
ပြုံးနေတဲ့ ဖွဲ့ရဲ့မျက်နှာလေးကိုသာ သော်ငေးနေမိသည်။
အပြုံး အဲ့အပြုံးလေးပေါ့ သေတစ်ဖန်သက်တစ်ဆုံး ဆိုတဲ့မက်လုံးနဲ့ သူမခြေဖဝါးအောက် အချစ်တွေပြိုပျက်ကြွေဆင်းခဲ့ရတာ။
သော်ငေးနေရင်းနှင့်ပင် ဖွဲ့ရဲ့မျက်ဝန်းထက်မျက်ရည်စများကျဆင်းလာသည်ကိုသတိထားမိလေသည်။
"အန်တီ... အန်တီငိုနေပြန်ပြီလား"
ဖွဲ့ကတော့ ခေါင်းလေးကိုအသာယာယမ်းပြလေသည်။
"ကဲပါအန်တီရယ်..ထိုင်နေတာလဲ ကြာနေပြီ အခန်းထဲ ပြန်ရအောင်လေ လေတွေလဲတိုက်တာအေးတာပေါ့"
ကျဆင်းနေသောမျက်ရည်များကို လဲ လက်ဖြင့်အသာယာသုတ်ပေးလိုက်လေသည်။
YOU ARE READING
Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)
Romanceသေခြင်းနဲ့ရှင်ခြင်းအကြား အန်တီ့ကို ရွေးမယ်။