အပိုင်း ၃၀

2K 114 3
                                    

"နေခဲ့ပါကွာ နေတွေပူတယ် အချစ်ရဲ့"
"ပူလဲ ဘာဖြစ်လဲ မောင်ရှိနေတာပဲကို"
ဖွဲ့ သော့်လက်မောင်းကိုကိုင်လျက် ခပ်ချွဲချွဲလေးထပ်ပြောသည်။
"နော်...အန်တီလိုက်မယ်လို့"
မျက်နှာချိုသွေးနေတဲ့ ဖွဲ့ကိုကြည့်လျက် သက်ပြင်းတစ်ချက်ချမိသည်။သူမ စကားဆို ငြင်းလို့ရခဲ့သည်မရှိတာကိုလဲ သူသိသည်။
နေ့ခင်းဘက်ဆိုလျှင် စပြစ်ခြံက​ေနသိပ်ပူသည်မို့ မလိုက်စေချင်။ညဘက်ကျရင်လဲ သူမရုံးကအလုပ်တွေကိုလုပ်ရသေးတာမို့ အနားယူစေချင်သည်။ဖွဲ့ကလဲ ချစ်သူဖြစ်ပြီးမှ ပို ကလေးဆန်လာသလိုလို။
မှတ်မိပါသေးတယ်။တစ်ခါက ဝတီ နဲ့အရမ်းရောလို့ဆိုပြီး သူမစိတ်ကောက်သေးတာ။ပြင်ဦးလွင်မှာ ဝတီဘာအလုပ်မှမရှိတာမို့ စပျစ်ခြံကိုခဏခဏလာတတ်သည်။
ဖွဲ့ကတော့ ဝတီအဲ့လိုလာတာကိုသဘောမတွေ့။သော့်ဘက်ကလဲ ဝတီက အရင်ကထပ်ပိုပြီး သူမကို ကပ်လာတာကိုသတိထားမိသည်။

"ပင်ပန်းလား မောင်"
နဖူးကိုချွေးလေးသုတ်ပေးရင်းပြောလာတော့ သော်ပြုံးလျက်
"မပင်ပန်းပါဘူး မောင်ကညွှန်ကြားရုံပဲဟာကို အဲ့လေုက်မပင်ပန်းဘူး"
ခုနောက်ပိုင်း ဖွဲကတော်တော်လေးရယ်မောလာနိုင်သည်။ညဘက်တွေဆိုလဲ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သည်မို့ မျက်နှာလေးလဲနည်းနည်းပြည့်လာသလို။
"ဟဲ့ ငြိမ်းရသော်. သာယာနေတယ်လား"
ကျောကုန်းကိုအရှိန်နဲ့ ဝတီ ရိုက်လိုက်တာမို့ ငြိမ်းရသော် အနည်းငယ်နာကျဥ်သွားရသည်။နာနေတဲ့ကျောပြင်ကိုပွတ်လျက်
"စကားပြောရင် လက်မပါပါနဲ့လား ဝတီရယ် ငါနင့်ထပ်အကြီးနော်"
"ကြီးပေါ့ ခုလောလောဆယ်အပြင်သွားမလို့ လိုက်ခဲ့ပေးပါလား"
"မအားဘူးလေ ဒီမှာအလုပ်ရှိနေတာမတွေ့ဘူးလား"
ဖွဲ့ကို မျက်စပစ်ရင်းပြောတော့ ဝတီ ဖွဲ့ကိုတစ်ချက်ကြည့်လိုက်ပြီး
"အန်တီ ခဏခေါ်သွားလို့ရမလားဟင်"
"သူ့သဘောပါ သူ့ကိုအန်တီမပိုင်သေးပါဘူး ဝတီ"
ဖွဲ့ပြောလိုက်ပေမဲ့ ကျေနပ်လို့ပြောခြင်းမဟုတ်။ဝတီ့ပုံစံကကြာလေပိုနားလည်ရခက်လာသလိုပင်။အရင်ကသူသိခဲ့တဲ့ ကလေးမလေးလိုပုံစံမဟုတ်တော့ပေ။
ဝတီကအတင်းဆွဲခေါ်တာမို့ သော်မလိုက်ချင်လဲမရပေ။ဖွဲ့မကျေနပ်တာကိုသိသည်။ဝတီကလဲ အရေးကြီးနေတဲ့ပုံစံမို့လိုက်သွားပေးရသည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Where stories live. Discover now