အပိုင်း၁၇

3.8K 253 18
                                        

အဝတ်စားလဲပြီး၍ ကားနားသို့ဦးစွာရောက်နှင့်သူမှာ သော်ဖြစ်သည်။ဘုရားသွားမည်ဆိုသော်ညား မြန်မာဝတ်စုံမရှိသည့်အတွက် ဝတ်နေကျပုံစံအတိုင်း azure pant နှင့် shirt အဖြူလက်ရှည်လေးသာဝတ်ခဲ့သည်။

ဝယ်ထားသည်မဟုတ်ပဲ နာမည်ကြီးဒီဇိုင်နာနှင့် အပ်ကာ ချုပ်စေသော အဝတ်စားများဖြစ်တာကြောင့်မို့ fix ဖြစ်ကာ ကြည့်ကောင်းသည်မှာအမှန်။

  ဘယ်ဘက်လက်မှ ေနာက်ဆုံးပေါ် leica mini camera လေးကိုင်၍နောက်တစ်ဖက်ကတော့ family lawyer ထဲမှ ဖုန်းဝင်လာတာကြောင့် ကားဘက်သို့မျက်နှာမူလျက် ဖုန်းပြောနေသည်။
ထောင်ပြီးစိမ်းနေသော သွေးကြောများအထက် ခေတ်မှီ နာရီအနက်ရောင်လေးဟာ သူမ၏ တင့်တယ်မှုကိုပ်ုလို့တိုးစေပါတယ်။

အမှုကိစ္စကိုစိတ်ဝင်တစားနားထောင်နေသည်မို့ အနောက်တွင် ဖွဲ့ရောက်နှင့်နေသည်ကိုပင် မသိလိုက်ပေ။ဖုန်းပြောပြီး၍အနောက်လှည့်ကြည့်လေသောအခါ

Navy blue အရောင်ရိုးရာပေါင်းသားဝမ်းစက်ကို ​ေခတ်မှီဒီဇီုင်းဖြစ်သည့် ကော်လံကုတ်ရင်ခံလေးနှင့်ကျက်သရေရှိစွာကြည့်ကောင်းနေသောဖွဲ့။

နှုတ်ခမ်းသားများဟာ အရင်လို အနီရင့်ရင့်ဆေးတင်ထားပြီး ဖြူဖွေးနေသော လည်တိုင်အထက် စိန်တစ်လုံးထဲနှင့်လည်ဆွဲလေး
လင်းလက်နေသော စိန်နားကပ် လက်ခလယ်၌ဆင်မြန်းထားသော စိန်လက်စွပ် လက်ကောက်ဝတ်အထက်တွင် လဲ စိန်စီထားသော နာရီလေးနှင့်...

စိန်တွေဟာ မည်မျှပင်တောက်ပြောင်စေကာမူ ဖွဲ့အလှကိုမှီနိုင်မည်တဲ့လား....

အောက်ကိုဆက်ကြည့်တော့ နက်ပြာရောင် ကတီပါခြေညှပ် ဖိနပ်အပါးလေးနှင့် ခြေဖဝါးနုနုအထက်ကြည့်ကောင်းနေပြန်သည်။ထိုဖိနပ်အထက်၌လဲ ကျောက်အဖြူလေးတစ်လုံးသာရှ်သည်။

ညာဘက်လက်၌လက်ကိုင်အိတ်အနက်ရောင်ကို ပုဝါလေးအဖြူလေးနှင့်စုကိုင်ထားလျက်
ဆံချည်တစ်မျည်တောင် ကျနေခြင်းမရှိပဲ ဆံထုံးကိုလဲ မြဲမြံစွာထုံးထားသေးသည်။နှဖူးအထက်၌ ရေးရေးလေးသာရှိသော ဆံစသေးသေးလေးများ

သော်ဖွဲ့ကိုအကဲခတ်ကြည့်နေသည်မှာ အတော်ကိုကြာနေပြီဖြစ်သည်။

Love=Aunty(အချစ်ဟာအန်တီနှင့်ညီမျှကြောင်း)Место, где живут истории. Откройте их для себя